စပျစ်သီးနီထဲက ဓာတ်



စပျစ်သီးနီ (red grapes) တွေထဲမှာ တွေ့ရတတ်ပါတယ်။ အဲဒီဓာတုဒြပ်စင်ကို resveratrol လို့ခေါ်ပါတယ်။ အဲဒီဒြပ်စင်ကို အများကြီး high doses ပေးရင် လူမှာဖြစ်စေ၊ တိရစ္ဆာန်မှာဖြစ်စေ၊ သွေးထဲက ဂလူးကို့(စ်) ပမာဏကျသွားပါတယ်။ Resveratrol က Sirtl လို့ ခေါ်တဲ့ Sirtuin ကို လူံ့ဆော်အားပေးပါတယ်။ Sirtuins တွေဟာ ပရိုတိန်းတွေဖြစ်ပြီး လူ့ဇီဝကမ္မဖြစ်စဉ်ကို အများကြီးလွှမ်းမိုးမူရှိပါတယ်။ ဂလူ့ကိုစ့်နဲ့ အင်ဆူလင်ရဲ့ သတ္တိကိုထိန်းထားနိုင်ဖို့မှာ Sirtuins တွေက အရေးပါပါတယ်။

Sirtl ဟာ resveratrol ထက် အများကြီးအားရှိပါတယ်။ သူတို့ကို နောင် ဆီးချိုရောဂါတွေမှာ ကုသဖို့ စမ်းသပ်နေပါပြီ။

ဆီးချိုတက်တူး
လူ့ရဲ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းနိုင်တဲ့ ဆေးမင်ကြောင်ဆိုးဆေးအရည် တစ်မျိုးကို သိပ္ပံပညာရှင်တွေ တည်ထွင်လိုက်ပါပြီ။ လူနာကိုယ်ထဲ အဲဒီဆေးအရည်ကို ထိုးထည့်ထားပြီဆိုရင် သွေးတိုင်းသကြားဓာတ်မြင့်လာတာနဲ့ အဲဒီ tatoo လေးတွေ အရောင်ပြောင်းပြီး တောက်ပလာမယ်။ သွေးဖောက်ပြီး သကြားဓာတ်စစ်စရာမလိုတော့ပဲ tatoo ကိုကြည့်ရုံနဲ့ သကြားအတက်အကျသိနိုင်ပါပြီ။

ပင်မဆဲ(လ်)ကုသမူ (Stem Cell Therapy)
တစ်ချို့ဆီးချိုရောဂါရှင်တွေမှာ သူတို့ခန္ဓာကိုယ်က ပင်မ stem cell ကိုပဲ ထိုးသွင်းလိုက်တာနဲ့ ပန်ကရိယရဲ့ islet cells တွေကို အသစ်ပြန်လည်ဖြစ်ပေါ်စေတာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ အဲဒီ လူနာတွေမှာ insulin အင်ဆူလင်ထိုးစရာ မလိုတော့ဘူး။ အသစ်ပြန်ဖြစ်လာတဲ့ lslet ဆဲလ်တွေက အင်ဆူလင်ထုတ်ပေးလို့ပါပဲ။ stem cell နဲ့ ကုသမူဟာ စမ်းသပ်နေဆဲဖြစ်ပြီး ရေရှည်မှာ stem cell ကပဲ ကင်ဆာပြန်ဖြစ်တာမျိုးကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒေါက်တာဇော်သန်း (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...