Cough Syrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း


Tue, Oct 8, 2013 at 10:04 AM

သမီးအမျိုးသားက တရုတ်ကထုတ်တဲ့ ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို မူးယစ်ဆေးအဖြစ် သုံးစွဲနေပါတယ်ဆရာ။ သူဆေးသုံးတာ (၁)နှစ် ခွဲလောက်ရှိပါပြီ။ သမီးသူ့ကိုဆေးဖြတ်စေချင်ပါတယ်။ သူကတော့ ဆေးပြတ်ချင်စိတ်မရှိပါ။ သူအရမ်းမေ့တတ်လာပါတယ်။ (၁) ဒီလိုမူးယစ်ဆေးသုံးရင် ဘယ်လိုဆိုးကြိုးတွေ ဖြစ်လာနိုင်ပါသလဲဆရာ။ (၂) သူ့ကို ဆေးပြတ်အောင် သမီးဘေးကနေဘာတွေ အတတ်နိုင်ဆုံးလုပ်ပေးလို့ရပါသလဲ။

• တရုပ်ကလာတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှာ ဘယ်ဆေးပါသလဲ မသိသေးပါ။ အိန္ဒိယကလာတဲ့ ချောင်းဆိုး ပျောက်ဆေးကတော့ လူငယ်-လူကြီးတွေစွဲနေကြတဲ့ Phensedyl (ဖင်စီဒိုင်း) ဖြစ်တယ်။
• ချောင်းဆိုးနေသူကို ဆရာဝန်က တနေ့မှာ 5-10 ml သာသောက်စေပါတယ်။
• ဆေးရည်များတာနဲ့ ခေါင်းတွေပူ၊ နေက်ကျိကျိဖြစ်၊ နားအကြားထူးခြားတာတွေဖြစ်လာမယ်။ ဝမ်းချုပ်မယ်။ အသက်ရှူရခက်မယ်။
• စိတ်အထူးကုဆရာဝန်က ကူပေးနိုင်ပါတယ်။
• ကိုယ့်မှာ ပြဿနာရှိနေတယ်လို့သိလာရင် ဦးဆုံးခြေလှမ်းဖြစ်တယ်။ မလွယ်ဘူးဆိုတာလဲ သိထားပါ။ ငါဖြတ်နိုင်ရမယ်လို့ ဆုံးဖြတ်နိုင်ရင် မုချပြတ်ပါတယ်။
• De-addiction ဆေးဖြတ်ခြင်းဟာ အပျော်တမ်းသမားအရည်အချင်းနဲ့မရပါ။
• Withdrawal symptoms ဆေးဖြတ်လက္ခဏာတွေခံစားရမယ်။ Physical discomfort မသက်မသာရှိနေမယ်။
• ဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရင် သူရဲကောင်းဖြစ်တယ်။
• ဆေးရည်သောက်ချိန်မှာ ဒါကိုသာတန်းတနေမှာဘဲ။ တခြားအာရုံနဲ့အလုပ်တခုခုကို အစားထိုးပါ။

ချောင်းဆိုးပျောက်ဆေးဆိုတာ အမျိုးမျိုးရှိတယ်။ ဆေးကုဘို့သုံးတာမှာ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်အောင်နဲ့ ရင်ကြပ်တာ သက်သာဘို့ ရောဂါမတူလို့ ချောင်းဆိုးပျောက်ဆေးထဲမှာ ပါတဲ့ဆေးတွေကလဲ မတူပါ။ ချောင်းဆိုး ပျောက်ဆေးတွေကိုစွဲကြတာ ကနေ့ခေတ်မှာ နေရာတကာမယ်ရှိတယ်။ စိတ်ပြော့သူတွေစွဲကြတဲ့ ချောင်းဆိုးပျောက်ဆေးတွေထဲမှာ Drixoral Cough Liquid Caps, Robitussin AC, Dectuss, Phenergan with Codeine, Phensedyl, and Pherazine with Codeine စတဲ့ ချောင်းဆိုးပျောက်ဆေးတွေ အပါအဝင်ဖြစ်တယ်။ ဆေးဖြစ်လို့ အန္တရာယ်မရှိဘူးထင်ရပေမဲ့ ရှိပါတယ်။ စွဲလာတယ်။ ဖြတ်ဘို့ ခက်တယ်။

Dextromethorphan (DXM) ပါတဲ့ဆေးသောက်ရင် အစမှာ သာယာမှုရတယ်။ ပိုပြီးစွဲသွားစေတယ်။ THC ဆေးဟာ ဆေးခြောက်နဲ့တူတယ်။ ဒါကြောင့် ရေတိုမှာ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်မယ်၊ ကြွက်သားတွေ အားပြော့နေမယ်၊ ကောင်းတယ်ဘဲမဟုတ်ဘဲနဲ့ထင်နေမယ် ဆိုတာတွေ ဖြစ်လာစေတယ်။

ဘေးထွက်-ဆိုးကျိုးတွေကို ဝယ်ယူတယ်ဆိုတာ ဒီစွဲလမ်းမှုကိုပြောတာဖြစ်တယ်။
• ဝမ်းနဲပြီး စိတ်ဓါတ်ကျခြင်း၊
• သူငယ်အိမ်ကျယ်ခြင်း၊
• အတုနဲ့အစစ်ကိုမခွဲတတ်ခြင်း၊
• မတ်တပ်ရပ်ရင်မူးဝေခြင်း၊
• ကိုယ်ပူလိုက်၊ ချမ်းလိုက်ဖြစ်ခြင်း၊
• ဆောက်တည်ရာမရ၊ ထိန်းသိမ်မနိုင်ဖြစ်ခြင်း၊
• စိတ်ဝေဒနာဖြစ်ခြင်း၊
• မှတ်ဥာဏ်မေ့ခြင်း၊
• ကြွက်သားတွေထိန်းလုပ်ရမှာတွေ မလုပ်နိုင်ခြင်း၊
• အရေပြားအနီပြင်ထွက်ခြင်းနဲ့
• လိင်စိတ်နည်းပါးလာခြင်းတွေဖြစ်မယ်။

ဆေးဖြတ်လက္ခဏာတွေ ခံစားရတော့မယ်။ အိပ်မရတာ၊ (စိုးရိမ် + စိတ်ကျ + မသက်မသာဖြစ်ခြင်း)၊ စိတ်ဓါတ်ကျခြင်းတွေ ဖြစ်မယ်။ စိတ်ဓါတ်ကျတာက အဆိုးဆုံး ဖြစ်တယ်။ ညပိုင်းဆို တုန်တုန်ရီရီဖြစ်မယ်။ စိတ်ဝေဒနာသည်လိုနေမယ်။

SSRI စိတ်မကျဆေး၊ Yohimbe တိုင်းရင်းဆေး၊ MAO inhibitors စိတ်မကျဆေးတွေနဲ့ Antihistamines (Claritan) အလာဂျီဆေးတွေနဲ့ ရောမိရင် သေစေနိုင်တယ်။

ဆေးစွဲသူတိုင်း ဖြတ်ဘို့ဆိုတာ ကာယကံရှင်က စိတ်ပါလာဘို့ကပဌမဖြစ်တယ်။ ကိုယ့်ကျန်းမာရေးအတွက် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ဆီ အကူအညီတောင်းရခြင်းဟာ လုပ်သင့်တဲ့ ကောင်းတဲ့အလုပ်သာဖြစ်တယ်။ အောက်ကျနောက်ကျအလုပ်မျိုး မဟုတ်ပါ။

ချစ်လို့ လက်ထပ်ပေါင်းသင်းထားတဲ့ ဇနီးမယားကနေ ဆေးဖြစ်စေချင်နေတယ်။ သမီးရည်းစားဘဝမှာ "ဒီတောင်ကို မောင်ဖြိုပါ့မယ် မြင့်မိုရ်မို့လား" ဆိုတာမျိုး ပြောလေ့ရှိကြတယ်။ ဆေးဖြတ်ရတဲ့တောင်ကိုသာ ဖြိုပြစေချင်ပါတယ်။

Drug Abuse ဆေးဝါးတလွဲသုံးခြင်း http://dts-medicaleducation.blogspot.in/2012/04/drug-abuse.html

ဒေါက်တာတင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၃

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...