Window password ခံထားရုံနဲ့ မလုံလောက်သေးဘူး ထင်ရင်...
ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။ password ခံထားရုံနဲ့ မလုံလောက်သေးဘူး ထင်ရင်တော့ ဒီနည်းလေးကို သုံးကြည့်လိုက်ပါ..။.
၁၊ window+Rနှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration ကိုသွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး ၀င်လိုက်ပါ။
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး ထပ်ပေါ်လာပါလိမ့်မယ်။
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။
www.mm-mpxteam.net
- (အရှေ့သို့) ႀကံဳၾကရ ဘံုဘ၀က ငပိဒုကၡ (ေဒါက္တာခင္ေမာင္ညိဳ) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောကျသို့) Wifi network ထောင်ပီးး free phone ပြောမယ် free message ပို.မယ်(for android) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ