၁ဝနှစ်သားအရွယ် ကောင်လေး အသက်အငယ်ဆုံး ဘွဲ့ရဖြစ်လာ
အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ၁ဝနှစ်သား အရွယ် ကောင်လေး တစ်ယောက်ဟာ အထက်တန်းကျောင်းကနေ ဒီပလိုမာဘွဲ့ ရရှိခဲ့တယ်လို့ AP သတင်းဌာနက ရေး သားဖော်ပြခဲ့ပါတယ်။
အဆိုပါမြောက်ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ အထက်တန်းကျောင်းတစ် ကျောင်းမှ ယင်း ၁ဝနှစ် သား အရွယ်ကောင်လေး ကတော့ ဒီပလိုမာဘွဲ့ ရရှိခဲ့လို့ အခမ်းအနား ပွဲတွေ ကျင်းပခဲ့ပါတယ်။ ယင်း ၁ဝနှစ်သား ကောင်လေးဟာ Tanishq Abraham လို့ အမည်ရှိပြီး အထက်တန်းကျောင်းမှ အသက် ငယ် ရွယ်ဆုံး ဘွဲ့ရရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
၁ဝနှစ်သား အရွယ်သာ ရှိသော်လည်း အထက်တန်းကျောင်းကနေ ထူးထူးချွန်ချွန် ဒီပလိုမာဘွဲ့ကို ရရှိခဲ့လို့ အိမ်ဖြူတော်ကနေ တောင်မှ ချီးကျူးဂုဏ်ပြုတဲ့ စာရရှိခဲ့ပါသေးတယ်။
''ကျွန်တော့်ရဲ့ဦးနှောက်က Topic တွေကို နှုတ်တိုက် ကျက်လာခဲ့တာပါ။ ကျွန်တော် ဘာတစ်ခုကိုမှ အတိအကျ မသိပါဘူး''လို့ Tanishq က ဆိုခဲ့ပါတယ်။
Ref: AP
Flower News Journal အတွဲ(၁၀) အမှတ်(၂၃)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)