ဈေးရောင်းကောင်းစေ၊ လုပ်ငန်းလာဘ်ဝင်စေတဲ့ ဂမ္ဘီရပန်းအိုးလုပ်နည်း



နိုင်ငံခြား အရက်ပုလင်းလွတ် တံဆိပ်မကွာသေးတာ ရှာပါ။ ပြီးတော့ ပုလင်းကို မဆေးပါနှင့်၊ အရက်စော် နံနေရင် ပိုကောင်းပါတယ်။ အဲဒီ ပုလင်းထဲကို ကျောက်စရစ်ခဲ (၉)ခဲ ထည့်လိုက်။ ပြီးတော့ ရေထည့်ပါ။

ရေသန့်သန့်ထည့်ပြီးတော့ နှင်းဆီပန်း အနီရဲရဲတစ်ပွင့်ကို နေ့တိုင်း တစ်နေ့တစ်ပွင့် လဲထိုးပေးပါ။လုံးဝ ပန်းမညှိုးစေရ။ ပြီးတော့ မိမိတို့ ဆိုင်တို့ အိမ်တို့ လုပ်ငန်းရှိ အလုပ်စာပွဲပေါ်(သို့) ငွေထည့်တဲ့ အနားမှာ ထားလိုက်ပါ။ အဲဒါဆိုရင် မိမိတို့ လုပ်ငန်း ဈေးဆိုင် ဘယ်တော့မှ လာဘ်မပိတ် တော့ဘူး အမြဲတမ်း လူ စည်ကား နေတာပါပဲ။

ယတြာဓာတ်ဆင်သည့်ပုံစံ

အရက်
၁+၈ =၉

၎င်းဂြိုဟ်သက်
၆+၁၂ =၁၈ =၉

ပုလင်း
၎+၅ =၉

၎င်းဂြိုဟ်သက်
၁၇+၁၉=၃၆ =၉

ကျောက်စရစ်
၂+၃+၄ =၉

၎င်းဂြိုဟ်သက်
၁၀+၈=၁၈ =၉

ထိုပုံကို ကြည့်ခြင်းအားဖြင့် န၀င်းကိုခံ သံကိုမြှင့် နှင်းဆီပန်းက အသင့် ဆိုသည့် နည်းအတိုင်း န၀င်း များဖြင်စီရင်ထားခြင်းဖြစ်သည်။


၇ရက်သားသမီးများ ရောင်းပန်း ၀ယ်ပန်း ပွင့်လန်းကြပါစေ။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...