ပဲပိစပ်ဆီ (Soybean Oil) စားသုံးမှုကလည်း စဉ်းစားစရာများ ဖြစ်လာ
စားအုန်းဆီများမှာ ပြည့်ဝဆီများ ပါဝင်သည့်အတွက် ကျန်းမာရေး နှင့် မသင့်တော်သည်ကို လူတိုင်း သိပြီး ဖြစ်သည်။ သို့သော်လည်း ပဲပိစပ်ဆီ က သင့်ကို စားအုန်းဆီ၊ သကြား ဓာတ်တို့ထက် ပို၍ ၀စေနိုင် သည်ကိုမူ သိချင်မှ သိပေးလိမ့်မည်။
University of California မှ ပြုလုပ် ခဲ့သော လေ့ လာမှုအရ ပဲစိစပ်ဆီ က စားအုန်း ဆီ၊ ဖရက်တို့စ် သကြား၊ (ဆိုဒါနှင့် အသင့်စား အစာများတွင် တွေ့ရ သည့် သကြား) တို့ထက် ပိုပြီး အ၀ လွန်မှုကို ဖြစ်စေသည်ဟု သိရသည်။ လေ့လာမှုကို စမ်းသပ်ခန်းတွင်း ကြွက်များတွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး၊ ပဲပိစပ်ဆီများသော အစားအစာများ စားသုံးသောကြွက်များက အခြား ဖရက်တို့စ်သကြား၊ စားသုံးဆီများ သော အစာစားသုံးသော ကြွက်များ ထက် အ၀လွန်မှုနှင့် ဆီးချို ပိုဖြစ် ကြောင်း တွေ့ရသည်။
ပဲပိစပ်ဆီများသော အစာ အစားသည့် ကြွက်များက စားအုန်းဆီ များသော အစာစားသည့် ကြွက်များထက် ကိုယ်အလေးချိန် ၂၅% ပိုတိုး ပြီး၊ ဖရက်တို့စ် သကြားစားသော ကြွက်များထက် ၉% ပိုတိုးကြောင်း သိရ သည်။ ထို့ပြင် ပဲပိစပ်ဆီက ကြွက်များ၏ခန္ဓာကိုယ်တွင်းရှိ ဗီဇ ဆဲလ်များကို ပြောင်းလဲစေပြီး ဆေး များ၏ အာနိသင်များနှင့် သဘာဝ အဆိပ်အတောက်များ၏ အာနိသင် များကို တုန့်ပြန်မှုသည် ပြောင်းလဲ သွား ခဲ့ကြောင်း တွေ့ခဲ့ရသည်။
အကယ်၍ လူသားများနှင့် ကြွက်များ တုန့်ပြန်မှု တူညီပါက လူသားများတွင်လည်း ယင်းကဲ့သို့ ပြဿနာများဖြစ် လာနိုင်ကြောင်း ထောက်ပြခဲ့သည်။ လေ့လာသူများ က ၎င်းတို့အနေဖြင့် နှလုံးသွေးကြော ရော ဂါ ဖြစ်နိုင်ခြေပေါ်သို့ အစားအသောက်၏ သက်ရောက်မှုကို မလေ့လာသေးကြောင်း၊ အသီး အရွက်ဆီများ စားသုံးခြင်းက အ၀လွန်ခြင်း၊ ဆီးချိုတို့နှင့် ဆက်စပ်နေ သော်လည်း နှလုံးသွေးကြောရောဂါ အ တွက် ကောင်းကျိုးများ ရနိုင်သေး ကြောင်း ပြောကြားခဲ့သည်။ ယခုလေ့ လာမှုအား PLOS ONE စာစောင်၌ ပုံနှိပ်ဖော်ပြခဲ့သည်။
ဖိုးသောကြာ
Ref; ANI
Health Updates Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) က်ေနာ္သိတဲ့ Landscape Filters တွေ အကြောင်း အပိုင်း ( ၁ ) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Sony Z2 & Z3 ရဲ့ Lollipop version 5.0.2 ကို အလွယ်တကူ Root လုပ်ကြမယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို