ကလေးငယ်တစ်ဦး စပျစ်သီး လည်ပင်းထဲ ဆို့နင်ပြီး သေဆုံး
ယူကေနိုင်ငံက အသက် ၂ နှစ်အရွယ် Jacob Jenkins အမည်ရှိ ကလေးငယ်ဟာ စပျစ်သီး စားနေရင်း စပျစ်သီးတလုံး လည်ပင်းထဲမှာ ဆို့နင်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ကာ သေဆုံး သွားပါတယ်...
Pizza Hut အမည်ရ စားသောက်ဆိုင် တခုမှာပါ... မိဘတွေက ပီဇာမှာယူပြီး စောင့်ဆိုင်းနေစဉ်အတွင်း ကလေးငယ်ဟာ စားပွဲပေါ်ရှိ စပျစ်သီးတွေကို စားနေစဉ် အခုလို ဖြစ်သွားတာပါ...
စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေက ကြိုးစားပြီး ကူညီခဲ့ပေမဲ့ မအောင်မြင်ပဲ... အရေးပေါ် လူနာ ယာဉ်တွေ ရောက်လာချိန်မှာတော့ ကလေးငယ်ရဲ့နှလုံးဟာ အလုပ်မလုပ်တော့ ပါဘူး... ဆေးရုံ ကိုရောက်ပြီး မကြာခင်မှာ ကွယ်လွန်သွားပါတယ်...
သားဖြစ်သူ Jacob ဟာ မိခင်ဖြစ်သူ Abigail Wilson ရဲ့ မွေးနေ့အတွက် Pizza Hut စားသောက်ဆိုင်ကို သွားချင်တယ်ဆိုတာကြောင့် မိဘ ၂ ပါးက လိုက်ပို့ပေးရင်း စားသောက်ဆိုင်မှာ အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ ခဲ့ရတာပါ...
ကလေးငယ်မိဘများ သတိပြုနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်...။
ကိုမျိုး
Ref:dailymail.co.uk
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဖေ့စ်ဘွတ်(Facebook) ပေါ်က Porn Video ဗိုင်းရပ်စ် အန္တရာယ်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ငွေမကုန်စေသော ဆီးချိုပျောက်ဆေး တစ်ခွက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'