အရေပြားကို အလှဆင်သူ

“တက်တူးကို စလုပ်တုန်းက ငွေကြေးကြောင့်လည်း မဟုတ်ဘူး။ ကျော်ကြား ချင်လို့လည်း မဟုတ်ဘူး” ဟု အမျိုးသမီးငယ် တစ်ဦး၏ ကျောပြင်တွင် လိပ်ပြာ ပုံသဏ္ဌာန် တက်တူးရေးပေးရင်း ပြောဆိုလိုက်သူမှာ ရန်ကုန်မြို့တွင် လက်ချိုး ရေတွက်နိုင်သည့် ဆယ် ဂဏန်း သာသာ ရှိသော Professional တက်တူး ထိုးသူ အမျိုးသားများ အကြားတွင် အမျိုးသမီး တက်တူး ထိုးသူအဖြစ် ရေပန်းစား လာသူ ဖြူသဇင်စိုး ဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်၊ အသား လတ်လတ် ခေတ် မီဒီဇိုင်းနှင့် တစ်ကိုယ်လုံးနီးပါး တက်တူး ပြည့်နေသည့် ခပ်ရှားရှား အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူ့ကို ၁၉၉၀ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဆန်စက်လုပ်ငန်း လုပ်ကိုင်သူ မိဘများက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့တွ င် မွေးဖွားခဲ့သည်။ သူ ၆ တန်း အရွယ်တွင် မိဘများ ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချခဲ့သည်။ ငယ်စဉ်က တက်တူးထိုးသူ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့် ခဲ့သော်လည်း သူငယ်ချင်းတစ်ယောက် တက်တူးထိုး သည့်နောက် လိုက်ကြည့်ရင်း တက်တူးနှင့် စတင်မိတ်ဆက် မိခဲ့သည်။ ငယ်စဉ်ကတည်းက ပန်းချီပညာကို ဝါသနာ အရင်းခံဖြင့် လေ့လာသင်ယူခဲ့ကာ တက်တူးများနှင့် ရင်းနှီး ခဲ့ပြီးနောက်တွင် ပန်းချီထက် တက်တူးကို စိတ်အစွဲအလမ်းကြီး ခဲ့ပြန်သည်။ “ပန်...