အစာပြွန်လမ်းကြောင်းနှင့် အခြားလမ်းကြောင်းမှ တစ်ဆင့်ရရှိနိုင်သော ဗိုင်းရပ်စ်ရောဂါများ



ပိုလီယို အကြောသေရောဂါ၊ အသည်းရောင်အသားဝါ (အေ၊ ဘီ၊ စီ) ခွေးရူးပြန်၊ ၀က်(စ်ထ်) နိုင်းဖီဗာ၊ ဦးနှောက်ရောင်ရောဂါ၊ ရေယုန်ရောဂါ အမျိုးအစား (၁) နှင့် (၂)၊ ကြွက်နို့နှင့် အေအိုင်ဒီအက်စ်ရောဂါ တို့သည် အစာပြွန်လမ်းကြောင်းနှင့် အခြားလမ်းကြောင်းများမှတဆင့် ရရှိနိုင်သော ဗိုင်းရပ်စ်ရောဂါများ ဖြစ်ကြပါသည်။

၁။ ပိုလီယိုအကြောသေရောဂါ
ပိုလီယိုအကြောသေရောဂါသည် တစ်ချိန်တုန်းက ကြောက်ရွံ့စိုးရိမ်ရသောရောဂါဖြစ်ပြီး ယခုအချိန်တွင် ကာကွယ်ဆေးများရှိသောကြောင့် ရှားပါးစွာတွေ့ရပါသည်။ ပိုလီယိုရောဂါ ဖြစ်ပြီးနောက်ရောဂါစုသည် တစ်ခါတစ်ရံဖြစ်ပွားပါသည်။

ဤရောဂါသည် သန့်ရှင်းမူအားနည်းသော နေရာများထဲတွင်ရှိသော အသက်ရှူလမ်းကြောင်းအရည်များ (သို့မဟုတ်) ပါးစပ်မှစအို၊ စအိုမှပါးစပ်လမ်းကြောင်းတို့ဖြင့် တိုက်ရိုက်ကူးစက်နိုင်ပါသည်။

ရောဂါ၏ ၉၀-ရာခိုင်နူန်းသည် လက္ခဏာမပြဘဲရှိတတ်ပါသည်။ ၅-ရာခိုင်နူန်းသည် မူမှန်သော ရှေ့ပြေးလက္ခဏာများနှင့်အတူ ကျောကုန်းနာခြင်းနှင့် ကြွက်သားများလူပ်ခြင်း (သို့မဟုတ်) တောင့်ခြင်းပေါင်းစပ်ဖြစ်ပေါ်ခြင်း (၀.၁)ရာခိုင်နူန်းမှ (၂)ရာခိုင်နူန်းသည် သွတ်ချာပါဒ (သို့မဟုတ်) လေဖြတ်ခြင်းဖြစ်ပေါ်တတ်ပါသည်။

ထိုရောဂါမဖြစ်စေရန် ကလေးဘ၀ အစေားဆုံးအချိန် (၁လခွဲ၊ ၂လခွဲ၊ ၃လခွဲ)တွင် ကာကွယ်ဆေးတိုက်ကျွေးပါ။ ရောဂါ ထိတွေ့မူများ စုံစမ်းစစ်ဆေး၍ဖြစ်နိုင်သော နည်းများဖြင့်ကုသပါ။

၂။ အသည်းရောင်အသားဝါ (အေ)
၎င်းရောဂါသည် ယခုအချိန်တွင် ရောဂါဖြစ်ပွားမူရှားပါးသော်လည်း မှတ်တမ်းတင်ထားသော လူနာအရေအတွက်မှာ တိုးပွားလျက်ရှိပါသည်။ ကူးစက်သော အသည်းရောင်အသားဝါဟူ၍လည်း ခေါ်ပါသည်။ မသန့်ရှင်းသော ရေနှင့်အစားအသောက်မှ ကူးစက်သည်။ ရောဂါရှိသော လူ၏မစင်၊ ကျင်ကြီး၊ ကျင်ငယ်နှင့် အခြားခန္ဓာကိုယ်မှ ထွက်သောအရည်များမှ ကူးစက်နိုင်ပါသည်။ တစ်နည်းအားဖြင့် ပါးစပ်မှ စအို၊ စအိုမှပါးစပ်သို့ ကူးစပ်လျက်ရှိပါသည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ရုတ်တရက်အဖျားရှိခြင်း၊ ကိုယ်လက်အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ နေထိုင်၍မကောင်းပဲ မအီမသာဖြစ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ပျို့ခြင်း၊ ၀မ်းဗိုက်တွင် သက်တောင့်သက်သာမရှိခြင်းနှင့် အသားဝါခြင်းတို့ဖြစ်ပါသည်။

ရောဂါမဖြစ်ပွားစေရန် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ပါ။ အန္တရာယ်ရှိသော လူများအား ရောဂါပိုးကို ဆန့်ကျင်သော ပစ္စည်းအဖြစ်လုပ်ဆောင်သော ပရိုတင်းအုပ်စုအမ် (lg M) ကာကွယ်ဆေးထိုးခြင်း ပြုလုပ်ပါ။

၃။ အသည်းရောင်အသားဝါ (ဘီ)
၎င်းကိုသွေးကြောင့်ဖြစ်သော အသားရောင်၊ အသားဝါရောဂါဟူ၍လည်း ခေါ်ပါသည်။ အသည်းရောင် အသားဝါ(အေ) ထက်သေဆုံးမူများပါသည်။ အသည်းကင်ဆာ၊ ရေဖျဉ်းဆွဲခြင်း၊ အသည်းခြောက်ခြင်းများ ဖြစ်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် ရောဂါကူးစက်ခံရသူ သန်း ၃၅၀-ကျော်ရှိပြီး သေဆုံးသူ ၁-သန်းလောက် ရှိပါသည်။

ရောဂါသည် သွေးမှသွေး(သို့မဟုတ်) သွေးမှအရေပြားသို့ ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသူနှင့် လိင်တူ၊ လိင်ကွဲဆက်ဆံခြင်း၊ ရောဂါရှိမိခင်မှ ကလေးကိုကူးစက်ခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်ကိုအသုံးပြုခြင်း၊ မူးယစ်ဆေးဝါးအကြောထဲသို့ထိုးခြင်း၊ ရောဂါပိုးရှိသူ၏ သွေးကိုသွင်းမခြင်းနှင့် နှာခေါင်းနှင့်ပါးစပ်မှထွက်သော နှာရည်နှင့်တံတွေးတို့မှလည်း ကူးစက်နိုင်ပါသည်။

အများဆုံးတွေ့ရှိရသော လက္ခဏာများမှာ တဖြည်းဖြည်းနှင့် အစားအသောက်ပျက်လာခြင်း၊ ၀မ်းဗိုက်တွင် သက်သောင့်သက်သာမူမရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ ဖြစ်ပါသည်။

ထိုရောဂါကို ကာကွယ်ရန် အန္တရာယ် မြင့်မားနိုင်သောလူများတွင် ကာကွယ်ဆေးထိုးထားခြင်း၊ တစ်ခါသုံးဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များကို အသုံးပြုခြင်း၊ ခွဲစိတ်ကိရိယာများအား ပိုးသတ်ထားခြင်းနှင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်းတို့ကိုပြုလုပ်ပါ။

၎။ အသည်းရောင်အသားဝါ (စီ)
၎င်းရောဂါသည် ပိုမိုဆိုးဝါးပြင်းထန်သော အမျိုးအစားဖြစ်ပါသည်။ (၈၀)ရာခိုင်နူန်းသည် ပြင်းထန်သော ရောဂါကိုခံစားရပါသည်။ ကူးစက်ခံရသူ (၁၀)ရာခိုင်နူန်းသည် အသည်းပျက်စီးတတ်ပြီး (၅)ရာခိုင်နူန်းသည် အသည်းကင်ဆာဖြစ်တတ်ပါသည်။ ကမ္ဘာပေါ်တွင် ကူးစက်ခံရသူ သန်း(၁၉၀)ခန့် ရှိပါသည်။ ယခင်က အသည်းရောင်အသားဝါ (အေ) မဟုတ် (ဘီ) မဟုတ်ဟူ၍လည်းခေါ်ပါသည်။

သွေးမှတစ်ဆင့် တိုက်ရိုက်ကူးစက်တတ်ပါသည်။ ရောဂါရှိသူအသုံးပြုပြီးသော ဆေးထိုးအပ်စူးခြင်း၊ ရောဂါရှိသူ၏ သွေးကို သွင်းမိခြင်း၊ ရောဂါရှိသူနှင့် ဆေးထိုးအပ်အတူသုံးစွဲသော မူးယစ်ဆေးစွဲသူမှ ကူးစက်နိုင်ပါသည်။ မိခင်မှ ကလေးကိုကူးနိုင်ပြီး၊ မိခင်နို့ရည်မှလည်း ကူးနိုင်သည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ၀မ်းဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် အသားဝါခြင်းတို့ဖြစ်ပါသည်။

ကာကွယ်ဆေးမရှိပါ။ BIBAVIRIN နှင့် INTERFERON ဆေးနှစ်မျိုးပေါင်း စပ်၍ ကုသနိုင်ပါသည်။ အသည်းရောင်အသားဝါ (ဘီ) ကဲ့သို့သော ကာကွယ်နိုင်ပါသည်။

၅။ အေအိုင်ဒီအက်စ်ရောဂါ
အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၁-ခုနှစ်၌ လိင်တူဆက်ဆံသောအမျိုးသားများတွင် ပထမဆုံးတွေ့ရှိ ရပါသည်။ မှတ်တမ်းများလည်း ရှိပါသည်။ ယခုအချိန်အခါတွင် လူမျိုး၊ ဘာသာယောက်ျားနှင့် မိန်းမ၊ ကလေးနှင့် လူကြီး၊ လိင်တူနှင့် လိင်ကွဲမရွေး ဖြစ်ပေါ်လျက်ရှိပါသည်။ ပြန်လည်ကေင်းမွန်သောလူရယ်လို့ သက်သေမပြနိုင်သေးပါ။

ရောဂါရှိသူ၏ သွေး၊ သုက်ရည် (သို့မဟုတ်) မိန်းမကိုယ်မှအရည်များ၊ သွေးစီးကြောင်းထဲသို့ဝင်၍ ကူးစက်ပါသည်။ များသောအားဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ စအိုတွင်ဆက်ဆံခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်ဖြင့် ဆေးထိုးခြင်း၊ မသန့်ရှင်းသော ကိရိယာများဖြင့် တက်တူးထိုးခြင်း၊ ရောဂါရှိသောမိခင်မှ သန္ဓေသားကိုကူးစက်ခြင်း၊ ရောဂါပိုးရှိသော သွေးနှင့် သွေးပစ္စည်းများကို အသုံးပြုခြင်းနှင့် ရောဂါပိုးရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အစားထိုးခြင်းတို့ကြောင့် ရောဂါကူးစက်နိုင်ပါသည်။

ရှေ့ပြေးလက္ခဏာများမှာ တစ်လကျော်၍ အဖျားရှိခြင်း၊ ၀မ်းလျှော၊ ၀မ်းပျက်ခြင်း၊ ချောင်းဆိုးခြင်း၊ တစ်လအတွင်း ကိုယ်အလေးချိန် (၁၀)ပေါင်ထက်ကျော်၍ ကျခြင်း၊ မှက္ခရုများထွက်ခြင်း၊ ရေယုန်များ ပေါက်ခြင်း၊ ပြည်တည်နာများပေါက်ခြင်းနှင့် အကျိတ်များထွက်ခြင်းစသည်တို့ ဖြစ်ပါသည်။

ဤရောဂါမဖြစ်ပွားစေရန် ရောဂါကူးစက်ခြင်းမရှိသောသူများနှင့်သာ လိင်ဆက်ဆံပါ။ ပိုးသတ်ထားသော ဆေးထိုးပြွန်နှင့် ဆေးထိုးအပ်များကို အသုံးပြုပါ။ ကျန်းမာရေးဝန်ထမ်းများသည် လူနာကိုင်တွယ်သည့် အချိန်တိုင်းတွင် ပိုးသတ်ထားသော လက်အိတ် (သို့မဟုတ်) ကိရိယာများကို အသုံးပြုပါ။ ရောဂါပိုးဝင်ရောက်ခြင်းမှ ကင်းဝေးစေရန် ကွန်ဒုံးကိုအသုံးပြုပါ။ ပြည်သူလူထုကို ပညာပေးပါ။ ART ဆေးဝါးများဖြင့် ထိရောက်စွာကုသပါ။

၆။ ရေယုန်အမျိုးအစား (၁)
များသောအားဖြင့် လျှာနှင့်မျက်နှာတွင် ရောဂါပိုးဝင်ရောက်တတ်ပါသည်။ ဗိုင်းရပ်စ်ပိုးသည် တစ်ချိန်ဝင်ပြီးချိန်မှစ၍ ခန္ဓာကိုယ်ထဲတွင် ဘ၀တစ်လျှောက်လုံးရှိနေ တတ်ပါသည်။ ရောဂါပိုးဝင်ရောက်ခြင်း၏ ၆၀-ရာခိုင်နူန်းသည် ပြန်လည်လူပ်ရှား ထကြွနိုင်ပါသည်။ ကလေးများတွင် အများဆုံးဖြစ်ပွားတတ်ပါသည်။ ရောဂါပိုး ရှိသူ၏ တံတွေးများဖြင့် ကူစက်တတ်ပါသည်။

လက္ခဏာသည် မပြဘဲရှိတတ်ပါသည်။ ရှေ့ပြေးလက္ခဏာများမှာ အရည်ကြည်အိတ်များနှင့် သက်ဆိုင်သော အနာများဖြစ်ပေါ်တတ်ပါသည်။ ရောဂါပိုးရှိသောသူနှင့် မထိတွေ့ပါနှင့် မွေးကင်းစကလေးများနှင့် ဝေးကွာသောနေရာတွင် သီးခြားထားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

၇။ ရေယုန်အမျိုးအစား (၂)
အမျိုးသမီးများတွင် အမျိုးသမီးမျိုးပွားအင်္ဂါ (သို့မဟုတ်) သားအိမ်ခေါင်းပေါ်၌ ရေယုန်အမျိုးအစား (၂)မျိုး ဖြစ်ပေါ်တတ်ပါသည်။ လူကြီးများတွင် အများဆုံးဖြစ်ပွားတတ်ပါသည်။ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါသည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ရေယုန်အနာများသည် ပထမဆံးနာကျင်မူကိုခံစားရခြင်း၊ အရည်ကြည်အိတ်များ ဖြစ်ပေါ်လာခြင်းတို့ဖြစ်ပါသည်။ အဖျားရှိခြင်း၊ ပြန်ရည်ကြိတ်ဂလင်းများ ရောင်ခြင်းနှင့် ဆီးသွားရာတွင် နာကျင်ခြင်းတို့ဖြစ်ပါသည်။ ဤရောဂါမဖြစ်ပွားစေရန် မွေးကင်းစကလေးများကိုကာကွယ်ရန် ၀မ်းဗိုက်ခွဲ၍ မွေးဖွားပါ။ လိင်ဆက်ဆံရာတွင် ကွန်ဒုံးကို အသုံးပြုပါ။

၈။ ကြွက်နို့
ကြွက်နို့အမျိုးမျိုးရှိပါသည်။ ပြားသောကြွက်နို့နှင့် ချည်မျှင်ပုံရှိသော ကြွက်နို့များရှိပါသည်။ ခြေဖ၀ါးနှင့် မျိုးပွားအင်္ဂါများတွင် ဖြစ်ပေါ်တတ်ပါသည်။ ဆေးကုသမူမပြုလုပ်ဘဲ ပျောက်ကွယ်တတ်ပါသည်။ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ရောဂါများတွင် အများဆုံးတွေ့ရပါသည်။

ရောဂါသည် တိုက်ရိုက်ကူးစက်နိုင်ခြင်း (သို့မဟုတ်) ကိုယ်တိုင်တစ်သျှူးထဲသို့ ကာကွယ်ဆေးထိုးခြင်း တို့ကြောင့် ဖြစ်တတ်ပါသည်။ ကူးစက်ခံရပြီးရောဂါရှိတတ်ခြင်း (သို့မဟုတ်) ကိုယ်အလေးချိန်ကို ထိန်းထားသော ဧရိယာများတွင် ဖြစ်ပွားတတ်ပါသည်။ အနာများသည် တိုက်ရိုက်ကူးစက်မူမရှိပါ။ မျိုးပွားအင်္ဂါတွင် ကြွက်နို့များရှိပါက ကွန်ဒုံးအသုံးပြုခြင်းဖြင့် အန္တရာယ်နည်းပါးနိုင်ပါသည်။

၉။ ခွေးရူးပြန်ရောဂါ
တိရစ္ဆာန်မှ လူကိုကူးစက်ပြီး ကိုက်ခံရခြင်းကြောင့်ဖြစ်ပါသည်။ မကုသဘဲထားပါက သေဆုံးနိုင်ပါသည်။ ရောဂါပိုးရှိသော တိရစ္ဆာန်၏ တံတွေးများသည် သွေးစီးကြောင်းထဲသို့ ၀င်၍ ကူးစက်ခြင်းဖြစ်ပါသည်။ လူမှလူကိုကူးစက်တတ်သော လူနာတစ်ဦးတစ်ယောက်မှ မရှိပါ။

အများဆုံးတွေ့ရသော လက္ခဏာများမှာ ကိုက်ခံရသောနေရာ (သို့မဟုတ်) ပြန့်နှံ့သွားသောနေရာတွင် နာကျင်မူ (သို့မဟုတ်) ပူလောင်မူရှိခြင်း၊ ကိုက်ခံရသော နေရာ၌ အေးခြင်း၊ ယားခြင်းနှင့် ထုံကျင်ခြင်းခံစားမူများရှိခြင်း ရှေ့ပြေးလက္ခဏာများနှင့်အတူ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ အာရုံကြောများထိခိုက်၍ တုန်လူပ်ချောက်ချားခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ထိသိမူလွန်ကဲခြင်း၊ သးငယ်အိမ်ကျခြင်း၊ နှလုံးခုန်နူန်းမြန်ခြင်း၊ အသက်ရှူရာတွင် ခက်ခဲခြင်း၊ သွားရည်နှင့် မျက်ရည်များအလွန်ကျခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ အခြားဗဟိုအာရုံကြောဆိုင်ရာ ရောဂါများဖြစ်ခြင်း၊ ပြင်းထန်စွာရေငတ်ခြင်းနှင့် ရေကြောက်ခြင်းတို့ဖြစ်ပါသည်။

ကာကွယ်မူအနေဖြင့် ခွေးနှင့်ကြောင် အားလုံးကို မှတ်ပုံတင်လုပ်ပါ။ လိုင်စင်ပြုလုပ်ပါ။ ကာကွယ်ဆေးထိုးပါ။ ခွေးလေ ခွေးလွင့်နှင့် တောရိုင်းသတ္တ၀ါများကို ထိန်းချုပ်ပါ။ အန္တရာယ်များသော သူများအတွက် ကာကွယ်ဆေးထိုးပါ။

၁၀။ ဦးနှောက်ရောင်ခြင်း
၎င်းရောဂါသည် နွေရာသီနှင့် မိုးဦးရာသီများတွင် တွေ့ရပါသည်။ ရောဂါပိုးရှိသောခြင်ကိုက်ခြင်းကြောင့် ကူးစက်ပါသည်။ အများဆုံး တွေ့ရှိရသောလက္ခဏာများမှာ ရုတ်တရက် အဖျားရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ လည်ပင်းနှင့် ကျောကုန်းများ တောင့်တင်းလာခြင်း၊ ဂယောက်ခြောက်ချားဖြစ်ခြင်း၊ သတိမေ့ခြင်း၊ လေဖြတ်ခြင်း၊ တက်ခြင်း၊ ကြွက်သားများထိန်း၍ မရခြင်းနှင့် စိတ်ဖောက်ပြန်ခြင်းတို့ ဖြစ်တတ်ပါသည်။

ဤရောဂါမဖြစ်ပွားစေရန် ခြင်များကို ထိန်းချုပ်ပါ၊ ခြင်ပေါက်ဖွားမူရှိသောနေရာ မရှိအောင်ပြုလုပ်ပါ။ ခြင်မကိုက်စေရန် ကာကွယ်ပါ။ ခြင်လိမ်းဆေးများကို အသုံးပြုပါ။ ဆေးစိမ်ခြင်ထောင်အသုံးပြုပါ။

၁၁။ ၀က်(စ်ထ်)နိုင်းဖီဗာ(သို့မဟုတ်) အဖျားတက်ခြင်း
ရောဂါပိုးသည် လျင်မြန်စွာပြန့်နှံ့နိုင်ပါသည်။ ကျူးလပ်မျိုးစိပ်ဝင်ခြင်းများကြောင့် ဖြစ်ပွားပျံ့နှံ့နိုင်သော ဗိုင်းရပ်စ်ရောဂါပိုးဖြစ်သည်။ ထိုရောဂါပိုးကြောင့် ဖျားခြင်း၊ ဦးနှောက်ရောင်ခြင်း၊ တုပ်ကွေးကဲ့သို့ လက္ခဏာရပ်များနှင့် ပြန်ရည်အကြိတ်များကြီးထွားခြင်းတို့အပြင် ရင်ခေါင်းနှင့် ၀မ်းဗိုက်များတွင် နီရဲသောအနီပြင်ကြီးများ ဖြစ်ပေါ်တတ်ပါသည်။ လက္ခဏာသည် အလွန်ပြင်းထန်ပါက နာဗ်ကြောရောဂါများနှင့် လေဖြတ်သွက်ချာပါဒဖြစ်တတ်ပါသည်။

ရောဂါမဖြစ်စေရန်ခြင်များကို နှိမ်နှင်းပါ။ ခြင်ကိုက်ခံရခြင်းမှ ရှောင်ကြဉ်ပါ။ ရောဂါဖြစ်စေသော အကြောင်းအရင်းကို ရှာဖွေပါ။ ခြင်ပေါက်ဖွားနိုင်သောနေရာများကို ရှင်းလင်းပါ။

ဒေါက်တာမြင့်သန်းထွန်း (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...