အသားအရေအမျိုးအစား အားလုံးအတွက် မျက်နှာပေါင်းတင်နည်းများ


photo:google

သူငယ်ချင်းရဲ့ အသားအရေက ခြောက်သွေ့နေလား၊ အဆီပြန်နေလား၊ ပေါင်းစပ်အသားအရေလား၊ ဆဲလ်အသေတွေကြောင့် ညိုညစ်နေလား၊ ၀က်ခြံတွေနဲ့လား၊ အရေးအကြောင်းတွေ ပေါ်နေတဲ့ အသားအရေလား?? စိတ်မပူပါနဲ့။ အားလုံးအတွက် ပေါင်းတင်နည်းကိုယ်စီရှိပါတယ်။ လုပ်ကြည့်ပါဦးနော်။

ခြောက်သွေ့တဲ့အသားအရေ(Avocado honey mask)

ကြိတ်ချေထားတဲ့ ထောပတ်သီးနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း ၂ဇွန်းစာစီရယ်၊ ကြက်ဥအနှစ် တစ်လုံးရယ်ကို သေချာရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။
မိနစ်၂၀ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အဆီပြန်တဲ့အသားအရေ (Lemon Egg Mask)

သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး အမြှပ်ထွက်အောင် ခေါက်ထားတဲ့ကြက်ဥအကာနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


Stawberry honey cream mask

အမှည့်လွန်နေတဲ့ အရွယ်တော်စတော်ဘယ်ရီသီး ၄လုံး၊ အစိုဓာတ်ထိန်းခရမ် (နှစ်သက်ရာ) လက်ဘက်ရည်ဇွန်း ၂ဇွန်း၊ ပျားရည်လက်ဘက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ပေါင်းစပ်အသားအရေ (Cucumber Yogurt Mask)

သခွားသီး အရွယ်တော်တစ်ခြမ်းကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သေချာရောမွှေပေးပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဆဲလ်သေတွေနဲ့ ညိုညစ်နေတဲ့အသားအရေ (Papaya Mask)

သဘောင်္သီးတစ်လုံးကို အခွံခွာပြီး အစေ့တွေကို ဖယ်ထားပါ။ အသားကို ကြိတ်စက်ထဲထည့်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာအနှံ့လိမ်း လိုက်ပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဝက်ခြံရှိတဲ့အသားအရေ(Apple Honey Mask)

အရွယ်တော်ပန်းသီးတစ်လုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ပျားရည်စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အရေးအကြောင်းရှိတဲ့အသားအရေ (Banana Mask)

ငှက်ပျောသီးတစ်လုံးရဲ့လေးပုံ၁ပုံကို ချေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၂၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


Helpful Hints

- သစ်သီးတွေဟာ အသားရေအတွက်အကောင်းဆုံးအရာတွေပါ။ အသားအရေကို ၀င်းလက်စိုပြေစေပြီး နုပျိုလန်းဆန်းစေတဲ့ သဘာဝရဲ့လက်ဆောင်တွေပါ။

- ပေါင်းတင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးရင် အသားအရေပိုမိုနူးညံ့ချောမွတ်စေပြီး ပေါင်းဆေးရဲ့အာနိသင်လည်း ပိုထိရောက်ပါတယ်။

- ပေါင်းတင်တဲ့အချိန်မှာဖြစ်ဖြစ်၊ မျက်နှာပေါ်မှာတစ်ခုခုလိမ်းနေတဲ့အချိန်မှာဖြစ်ဖြစ် အားနဲ့ပွတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ အရေပြားဆဲလ်လေးတွေပျက်စီးပြီး စပ်ဖျဉ်းဖျဉ်းလေး ဖြစ်လာနိုင်ပါတယ်။

- တစ်ပါတ်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေပြဿနာတွေ တဖြည်းဖြည်းနဲလာပြီး ဇရာကိုလည်း နှေးစေပါတယ်။

- ပေါင်းတင်ပြီးအသားအရေက အရမ်းကိုနုပြီး နေလောင်ဒဏ်ကို ပိုခံရနိုင်လို့ ၁ ရက်လောက် နေပူဒဏ်က ပိုပြီးသေချာကာကွယ်သင့်ပါတယ်။ကဲ သူငယ်ချင်းတို့ ဘယ်အသားအရေရှိရှိ စိတ်ပူစရာမလိုတော့ဘူးနော်…

Myanmar Sky Link

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...