အဆုတ်ရောဂါရှိသူများ စိတ်ခံစားမူ ကောင်းစေရန်



သင့်မှာ နာတာရှည်အဆုတ်ရောဂါရှိတဲ့အခါ နေကောင်းတဲ့ နေ့ရက်တွေရှိသလို နေထိုင်မကောင်းတဲ့ နေ့ရက်တွေလည်း ရှိမှာပါပဲ။ နာတာရှည်အဆုတ်ရောဂါရှိသူတွေအနေနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်သလိုပဲ စိတ်ခံစားမူဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

ထိန်းချုပ်ကာ နေထိုင်ပါ
နာတာရှည် အဆုတ်ရောဂါရှိရင် စိတ်ပျော်ရွှင်မူအပေါ် သက်ရောက်မူ ရှိနေပါတယ်။ ဒီရောဂါကြောင့် ဒေါသထွက်တာ။ အလိုမကျတာနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ အောက်ပါအချက်တွေက သင့်ခံစားချက်ကို ထိန်းချုပ်နိုင်မယ့်နည်းတွေ ဖြစ်ပါတယ်။

- ပျော်ရွှင်ဖွယ်ရာ အရာတွေကို လုပ်ဆောင်ပါ။ သင့်ရဲ့ တစ်နေ့တာကို အစီးအစဉ်ရေးဆွဲနေစဉ်မှာ သင့်စိတ်ပျော်ရွှင်မူရစေမယ့် လုပ်ဆောင်မူတချို့ပါဝင်ပါစေ။

- သူငယ်ချင်းနဲ့ မိသားစုနဲ့ အတူနေထိုင်ပါ။ အပေါင်းအသင်းတွေနဲ့ စုရုံးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တာက အထီးကျန်နေထိုင်တာထက် စိတ်ခံစားမူကို ကောင်းမွန်စေပါတယ်။ သင်ခင်မင်ရသူတွေကို သင့်ခံစားချက်အကြောင်း ဖွင့်ဟ ပြောဆိုပါ။

- အဆုတ်ရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို တတ်နိုင်သမျှ လေ့လာပါ။ သင့်အနေနဲ့ အဆုတ်ရောဂါအကြောင်း ကောင်းကောင်း သိလေလေ၊ ရောဂါကို ထိန်းချုပ်နိုင်စွမ်း ပိုရှိလေလေ ဖြစ်နေမှာပါ။ သင့်ရောဂါအကြောင်း သိနားလည်တဲ့ မိသားစုဝင်တစ်ဦးကို ဆရာဝန်ထံ သွားတိုင်း ခေါ်သွားပါ။

- ဆေးကုသမူမှာ တက်တက်ကြွကြွပါဝင်ပါ။ ဆိုလိုတာက သင်သိလိုတဲ့ မေးခွန်းတွေကို ဆရာဝန်ကို မေးပါ။ မသက်သာရင် ကုသမူ အသစ်ကို ပြောင်းလို့ရမလား ဆိုတာကို ထည့်သွင်းမေးမြန်းပါ။

အိမ်ထောင်ဖက်နှင့် ချစ်ခင်စွာ နေပါ
သင့်အနေနဲ့ အောက်ဆီဂျင်ကို သုံးနေရရင်တောင်မှ နာတာရှည် အဆုတ်ရောဂါရှိတာနဲ့ အိမ်ထောင်ဖက်နဲ့ ကာမဆက်ဆံမူမပြုရတော့ဘူးဆိုတာ မဟုတ်ပါဘူး။

- သင်တို့ရဲ့ စိတ်ခံစားချက်တွေ ထိစပ်မူကတစ်ဆင့် သင့်ရဲ့ စိတ်ကျန်းမာရေး ပိုကောင်းလာပါလိမ့်မယ်။

- ကာမစပ်ယှက်မူဟာ စိတ်ခံစားမူကို ပိုကောင်းစေပါတယ်။ ဒါပေမဲ့ ပင်ပန်းစေမယ့် နည်းလမ်းမျိုးကို ရှောင်ပါ။

- ကာမစပ်ယှက်မူကို သဘောမကျရင်လည်း အဆင်ပြေပါတယ်။ အိမ်ထောင်ဖက်ကို ပွေ့ဖက်တာ၊ ချစ်ခင်ကြောင်းပြောတာ၊ စောင့်ရှောက်တာ စတဲ့နည်းတွေကလည်း သင့်စိတ်ကို ကြည်နူးသာယာမူ ဖြစ်စေနိုင်ပါတယ်။

သတိပြုရန်
နာတာရှည် အဆုတ်ရောဂါရှိတာကြောင့် တစ်ချိန်လုံးနာမကျန်းဖြစ်နေလိမ့်မယ်လို့ မဆိုလိုပါဘူး။ ရောဂါကြောင့် သင့်စိတ်က မျှော်လင့်ချက်ကင်းမဲ့နေသလိုလို၊ အကူအညီမဲ့နေသလိုလို ဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို ထိန်းချုပ်နိုင်မှသာ သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးပါ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

ဇွန် (GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...