အသက် ၁၀၀ နေရသူတို့၏ ဘ၀နေထိုင်မူပုံစံများ

အိုမင်းခြင်းကို တားဆီးပြီး အသက် ၁၀၀ အထိနေနိုင်ဖို့ရာအတွက် ငွေပိုရှိဖို့လိုသလား၊ အစားအသောက်ကို ပိုစားဖို့လိုသလား၊ အသက် ၁၀၀အထိ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် နေရဖို့အတွက် ဘယ်လိုအချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်နေသလဲ ဆိုတာကို သိနိုင်အောင် အသက် ၁၀၀အထိ နေရသူတွေကို လေ့လာပြီး နယူအင်္ဂလန်လေ့လာမူက အောက်ပါအတိုင်း ရှင်းပြပေးထားပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း +၇နှစ်
- တာဝေးပြေးပါ
ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ လေ့လာမူအရ တစ်နေ့မှာ ၁၅မိနစ်လောက် ချွေးထွက်အောင် လူပ်ရှားပေးတာက သွေးလှည့်ပတ်မူကို ကောင်းမွန်စေပြီးကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ်။ ပြေးတာနဲ့ တခြားကိရိယာလွတ် လူပ်ရှားမူတွေကို ပူးတွဲပြီးဆောင်ရွက်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။
- အကြောလျှော့ပါ
အထိုင်များနေရင် သွေးလည်ပတ်မူ ကောင်းမွန်အောင် ထပြီးလမ်းလျှောက်တာမျိုး၊ အကြောလျှော့ပေး တာမျိုးကို မှန်မှန်ဆောင်ရွက်ပေးပါ။
ကောင်းသော အာဟာရ +၅နှစ်
- လျှာကို အလိုမလိုက်ပါနှင့်
လူအများစုဟာ အငန်၊ အချိုနဲ့ အဆီအဆိမ့်တွေကို စားလိုက်ရမှ အရသာရှိတယ်ဆိုပြီး ကျေနပ်တတ်ကြပါတယ်။ တကယ်တော့ ဆား၊ အချိုနဲ့ အဆီအဆိမ့်တွေဟာ အသက် ၁၀၀အထိ မနေရအောင် တားဆီးပေးနေတာပါ။ ကမ္ဘာပေါ်မှာ အသက်ရာကျော်အထိနေရသူ ဦးရေအများဆုံးနေထိုင်တဲ့ အိုကီနာဝါဂျပန်ကျွန်းကို လေ့လာမူအရ အစားအသောက်ဟာ အသက်ရှည်ရှည်နေရမူမှာ ၈၀ရာခိုင်နူန်း အရေးပါနေပါတယ်။ ရေလုံပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီနည်းသော ဘဲသားတွေကို အစားများတဲ့ အိုကီနာဝါကျွန်းနေသူတွေမှာ သွေးတွင်းဟိုမိုစစ်စတင် ပမာဏ ပုံမှန်အောက်နည်းကြောင်း တွေ့ရပါတယ်။ ဟိုမိုစစ်စတင်းပမာဏများတာဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ဆက်နွှယ်နေပါတယ်။ ပဲပုပ်စေ့၊ အမည်းရောင် ချောကလက်၊ ၀ိုင်နီ၊ လက်ဖက်စိမ်းလက်ဖက်ရည် စတာတွေကို အသင့်အတင့် စားသောက်တာဟာ ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
- ဆေးလိပ် မသောက်နှင့်
နယူးကက်ဆယ်ရဲ့ အာဟာရအကြောင်းလေ့လာမူအရ အသက်ရှည်ဖို့အတွက် အာဟာရအပြင် ဆေးလိပ် လုံးဝမသောက်ဖို့လိုအပ်ကြောင်း သိရပါတယ်။ အရက်ကိုတော့ တစ်ခါတစ်ရံ ၀ိုင်တစ်ခွက်၊ ဘီယာတစ်ခွက်သောက်ပေးနိုင်ကြောင်း ဆိုပါတယ်။
- အာဟာရတန်ဖိုးကို ကြည့်ပါ
ကယ်လီဖိုးနီးယားလေ့လာမူတစ်ရပ်အရ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားရာမှာပိုပြီး အာဟာရတန်ဖိုးရှိတဲ့အရာကို ရွေးချယ် စားသောက်သင့်ကြောင်းဆိုပါတယ်။ ဥပမာအနေနဲ့ ကန်စွန်းဥအစား မုန်လာနီစားပါ။ မုန်လာဥနီမှာ ကန်စွန်းဥထက် ဘီတာကယ်ရိုတင်းပါဝင်မူ နှစ်ဆပိုများပြီး အရိုးပွ အန္တရာယ်ကို လျော့ကျစေပါတယ်။ လိမ္မော်သီးအစား သင်္ဘောသီးစားပါ။ သင်္ဘောသီးမှာ ဘီတာခရစ်ပတင်ဇန်သင်း ၁၅ဆပိုပါပြီး ကင်ဆာအန္တရာယ်ကို ၃၀ရာခိုင်နူန်း လျော့ကျစေပါတယ်။ ရွက်လိပ်မုန်ညင်းအစား ဟင်းနုနယ်ရွက်ကို စားပါ။ ဟင်းနုနယ်ရွက်မှာ လူတင်ဓာတ် သုံးဆပိုပါဝင်တာကြောင့် အိုမင်းခြင်းကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။
- သေချာကြေညက်အောင် ၀ါးစားပါ
အစားအစာ စားတဲ့အခါ ဘာကိုပဲစားစား ခံတွင်းထဲမှာ ညက်ညက်ကြေအောင် ကြိတ်ဝါးပြီးမှ မျိုချတဲ့ အကျင့်ကို ဆောင်ရွက်ပေးပါ။
ဘ၀နေထိုင်မူ ပုံစံ + ၁၀နှစ်
- ကော်ဖီသောက်ပါ
တစ်နေ့ကို ကော်ဖီတစ်ခွက်နှစ်ခွက်ခန့် သောက်သုံးတာဟာ စိတ်ဓာတ်ကျဆင်းမူကို လျော့ပါးစေကြောင်း အယ်လ်ဇိုင်းမားရောဂါ လေ့လာမူတစ်ရပ်က ဆိုပါတယ်။
- ဦးနှောက်အတွက် တွက်ချက်ပါ
သင်္ချာနဲ့ မဆိုင်တော့ဘူးလို့ မတွေးလိုက်ပါနဲ့။ ဈေးစာရင်းတွေကို ပေါင်းတာ၊ ဆုဒိုကု ပဟေဠိအဖြေရှာတာ၊ သိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့ စာအုပ်တွေ ဖတ်ရှူလေ့လာတာတွေအားလုံးဟာ ဦးနှောက်ကို အကျိုးပြုနေပါတယ်။
- ၁၀နာရီခန့် မျက်လုံးမှိတ်ပါ
အနားယူချိန်တွေကို ပြည့်ပြည့်၀၀ပေးရင် အသက် ၁၀၀အထိနေရနိုင်ခြေ ပိုများပါတယ်။ ကောင်းကောင်း အိပ်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး စိတ်ဖိစီးမူတွေလျော့ကျခြင်း၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါစတဲ့ အသက်အရွယ်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေဖြစ်နူန်းကို လျော့ကျစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ဒါကြောင့် တစ်ညကို ရှစ်နာရီ အိပ်ပေးတာ၊ နေ့လယ်နေ့ခင်းမှာ တစ်ရေး အိပ်ပေးတာနဲ့ ကွန်ပျူတာ သုံးချိန် နာရီဝက်ကြာတိုင်း အချိန်အနည်းငယ်ကြာ မျက်လုံးမှိတ်ကာ အနားပေးသင့်ပါတယ်။
(ဇွန်)
- (အရှေ့သို့) နုပျိုစေရန် ကြက်ဥ၊ ဘဲဥ စားပါ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) သွားနှင့်ခံတွင်း သန့်စင်စေရန် ဒိန်ချဉ် သောက်ပါ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ