ဆေးမတိုးသည့် သွေးတိုးရောဂါကို ရေဒီယိုလိုင်းပေးခြင်းဖြင့် ကုသနိုင်

ဆေးများကို တုံ့ပြန်မူမရှိသော သွေးတိုးရောဂါများကို ကုသရာတွင် Kidney Zap ဟုခေါ်သော ကျောက်ကပ်များအား ရေဒီယိုလိုင်းကာလတိုးပေးခြင်းက အထောက်အကူပြုကြောင်း သိရသည်။ အဆိုပါ ပထမဆုံးရှေ့ပြေး ကုထုံးအကြောင်းကို Lancet ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ကျောက်ကပ်အား ထောက်ပံ့နေသည့် နာ့ဗ်ကြောအချို့သည် သွေးပေါင်ထိန်းချုပ်ရာ၌ အဓိကကျသည်ဟု ဆိုသည်။ ယခုကုထုံးမှာ စမ်းသပ်အဆင့်၌ပင် ရှိသေးသော်လည်း မကြာမီအချိန်အတွင်း လူနာပေါင်းများစွာကို အကူအညီပေးနိုင်တော့မည်ဟုဆိုသည်။
သွေးတိုးလူနာများအနက် ထက်ဝက်ခန့်သည် ဆေးဝါးများအပေါ် တုံ့ပြန်မူမရှိပေ။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ နေ့စဉ်ဆေးသောက်ရန်ကို အမြဲတမ်းသတိရရန် ခက်ခဲခြင်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဟု ဆိုသည်။ သို့သော် လူနာများအနက် ငါးပုံတစ်ပုံ၌မူ ဆေးဝါးများသည် ၎င်းတို့အပေါ်၌ လုံးဝအာနိသင် မရှိခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုကုထုံးသစ်က သွေးပေါင်ကို ကောင်းစွာ ထိန်းချုပ်ပေးနိုင်မည်ဖြစ်သဖြင့် နောင်တွင်ဖြစ်ပွားမည့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့မှ လည်း ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဆိုသည်။ အဆိုပါ ကုထုံးကို ဦးဆောင် စမ်းသပ်ခဲ့သော သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ဘိတ်ကား IDI နှလုံးနှင့် ဆီးချိုဌာနမှ ပါမောက္ခ မာရေးအက်စလာက ယင်းကုထုံးကို စမ်းသပ်ခဲ့ရာ လုံခြုံမူရှိသည့်အပြင် ထိရောက်စွာ ကုသနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါကုထုံးတွင် Catheter ဟုခေါ်သော အလွန်သေးမျှင်သည့် ပိုက်တစ်ချောင်းကို ပေါင်ခြံရှိ သွေးလွှတ်ကြောမှနေ၍ ကျောက်ကပ်ဆီသို့ ဦးတည်ထည့်သွင်းသည်။ နေရာကျသွားသောအခါ ယင်းပိုက်ကို ရေဒီယိုလိုင်းများ ထုတ်လွှတ်ပေးသောစက်နှင့် ဆက်သွယ်သည်။ ရေဒီယိုလိုင်းများကို အချိန်အခိုက်အတန့် လွှတ်ပေးခြင်းက နာ့ဗ်ကြောငယ်ပေါင်း များစွာတို့ကို ဖြတ်တောက်ပေးသည်။ အဆိုပါ နာ့ဗ်ကြောငယ်များသည် ကျောက်ကပ်သွေးလွှတ်ကြောများ တစ်လျှောက် တည်ရှိခြင်းဖြစ်ပြီး အဆိုပါ နာ့ဗ်ကြောများ၏ သတင်းပို့ အချက်ပြမူများ ရပ်ဆိုင်းသွားခြင်းက သွေးပေါင်ကို ချပေးနိုင်သည်ဟု ဆိုသည်။
(BBC,17.11.10) NYM
- (အရှေ့သို့) အရက်နှင့် ဆေးလိပ်ကြောင့်ဖြစ်သော မျက်စိပြဿနာများ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး လက်ပတ်နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက်
- (အနောကျသို့) ၀မ်းအရောင်ပြောင်းလဲရင် စိုးရိမ်သင့်သလား လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး လက်ပတ်နာရီ ကဲ့သို့သုံးနိုင်သော Cherry Mobile G1 Watch Phone ဝင်ရောက်