ဆေးလိပ်သောက်သူအမျိုးသမီးဦးရေ များပြားလာ၍ အဆုတ်ပွရောဂါဖြစ် အမျိုးသမီးများလာ



အဆုတ်ပွရောဂါသည် အမျိုးသားများတွင် အဖြစ်အများဆုံးရေဂါ ဖြစ်လာသော်လည်း ယခုအခါ ဆေးလိပ်သောက်သူ အမျိုးသမီးဦးရေများပြားလာသဖြင့် အမျိုးသမီးများတွင်လည်း အဆုတ်ပွရောဂါ ဖြစ်ပွားမူ များပြားလာကြောင်း အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

“အဆုတ်ပွရတဲ့ အကြောင်းရင်းထဲမှာ ဆေးလိပ်သောက်တာက အဓိကအကြောင်းရင်းပဲ။ အရင်က ဆေးလိပ်သောက်တဲ့ အမျိုးသမီးနည်းတယ်။ အခုခေတ်မှာက အမျိုးသမီးဆေးလိပ်သောက်သုံးလာမူက မြင့်တက်လာတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေလဲ အဆုတ်ပွရောဂါရသူ များလာတယ်”ဟု အထက်ပါ ဆရာဝန်ကြီးကဆိုသည်။

အဆုတ်ပွရောဂါ ဖြစ်ပွားမူမရှိစေရန် ဆေးလိပ်ဖြတ်ခြင်း၊ လေထုညစ်ညမ်းသော နေရာကို ရှောင်ကြဉ်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်းသိရသည်။ အသက်ရှူမ၀ခြင်း၊ အနည်းငယ် ကိုယ်လက်လူပ်ရှားသွားလာမူ ပြုလုပ်ရုံနှင့် ယခင်ကခက်ခဲမူမရှိသော အသက်ရှူမ၀ခြင်းကို ခံစားလာရခြင်း၊ ရေရှည်ချောင်းဆိုးခြင်း၊ အအေးမိ၍ တုပ်ကွေးဖြစ်ခြင်း၊ ရင်ကြပ်ခြင်း၊ အချိန်တိုင်းလိုလိုမောပန်းခြင်း၊ ကိုယ်အလေးချိန် ကျဆင်းလာခြင်းတို့သည် အဆုတ်ပွရောဂါ၏ လက္ခဏာများဖြစ်ကြောင်း သိရသည်။

အဆုတ်ပွရောဂါကြောင့် ပျက်စီးချို့ယွင်းသွားသည်များကို အကောင်းဖြစ်စေရန် ပြုပြင်မရနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေးလေ့လာသူတစ်ဦးက ပြောသည်။

လွင်လွင်မိုး (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...