စအိုနာကျင်နေလျှင်



စအို ဒါမှမဟုတ် အစာဟောင်း အိမ်တစ်ဝိုက်နာကျင်တဲ့ ဝေဒနာကို စအိုနာကျင်ခြင်းလို့ ခေါ်ပါတယ်။ စအိုနာကျင်တဲ့ဝေဒနာဟာ အဖြစ်များတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပြီး စအိုနာကျင်တဲ့ဝေဒနာ အများစုဟာ တစ်ခါတစ်ရံ ပြင်းထန်တတ်ပါတယ်။ စအိုနာကျင်ခြင်းဖြစ်ရတဲ့ အကြောင်းရင်အများစုက စအိုမှ သွေးထွက်ခြင်းကြောင့် ဖြစ်တတ်ပြီး ရောဂါအခြေအနေ ပြင်းထန်တာထက် ပိုမို စိုးရိမ်စိတ် ဖြစ်ပေါ်တတ်ကြပါတယ်။ စအိုနာကျင်ခြင်းဟာ အူမကြီးကင်ဆာရောဂါနဲ့လည်း ရှားရှားပါးပါး ဆက်စပ်မူ ရှိနေတတ်ပါတယ်။ စအိုနာကျင်တဲ့ အကြောင်းရင်းအများစုကို အလွယ်တကူ စစ်ဆေးရှာဖွေနိုင်ပြီး နာကျင်တဲ့ ဝေဒနာဟာလည်း ရေစိမ်ခြင်း (Sitz baths)နဲ့ မိမိဘာသာ ၀ယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ အများအားဖြင့် သက်သာသွားတတ်ပါတယ်။

စအိုနာကျင်မူ ဖြစ်စေသော အကြောင်းရင်းများ

- စအိုကွဲနာ၊

- စအိုဖြင့် ဆက်ဆံခြင်း(Anal Sex)၊

- စအိုနဲ့ စအိုအနီး အရေပြားကြား ပုံမှန် မဟုတ်တဲ့ လမ်းကြောင်းပေါ်လာခြင်း (Anorectal fistula)၊

- မြီးညောင်ရိုးနာကျင်ခြင်း၊

- အူမကြီးကင်ဆာ၊

- ၀မ်းချုပ်ခြင်း၊

- အူရောင်ရမ်းတဲ့ ခရုမ်းရောဂါ၊

- ၀မ်းပျက်ဝမ်းလျှောခြင်း၊

- တာရှည် ၀မ်းချုပ်ခြင်းကြောင့် အစာဟောင်းအိမ်ထဲမှာ ၀မ်းမာမာကြီးတွေ ပိတ်ဆို့နေခြင်း၊

- လိပ်ခေါင်းရောဂါ၊

- စအိုတစ်ဝိုက် ကြွက်သားတွေ တောင့်တင်းခြင်း၊

- စအိုတစ်ဝိုက်တစ်သျှူးတွေမှာ ပြည်တည်နာဖြစ်ခြင်း၊

- အစာဟောင်းအိမ်တစ်ဝိုက် ရောင်ရမ်းခြင်း၊

- စအိုတစ်ဝိုက် ယားယံခြင်း၊

- အစာဟောင်းအိမ်ကင်ဆာ၊

- အစာဟောင်းအိမ် အနာဖြစ်ခြင်း၊

- လိပ်ခေါင်းထဲမှာ သွေးခဲခြင်း၊

- စအိုတွင် အကျိတ်ဖြစ်ခြင်း၊

- စအိုတစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်းစတဲ့ အကြောင်းရင်းတွေကြောင့် စအိုနာကျင်ရတတ်ပါတယ်။


စအိုနာကျင်နေသူတို့အတွက် အိမ်တွင်းကုထုံး

စအိုနာကျင်မူဖြစ်ရတဲ့ အကြောင်းရင်းအပေါ် မူတည်ပြီး အိမ်မှာ မိမိဘာသာ သက်သာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁) အသီးအနှံ ဟင်းသီးဟင်းရွက် အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတို့ကို များများစားပေးပါ။

၂) နေ့စဉ် ကိုယ်လက်လူပ်ရှားမူ ပုံမှန်လုပ်ပေးပါ။

၃) တကယ်လို့ ၀မ်းချုပ်နေရင် အူလူပ်ရှားမူ အားကောင်းအောင်နဲ့ ၀မ်းညှစ်မသွားရအောင် ၀မ်းပျော့ဆေး သောက်ပေးပါ။

၎) စအိုကွဲနာအတွက် အပျော့စား Hysrocortisone ခရင်မ်ကို လိမ်းပေးပါ။ လိပ်ခေါင်းအတွက် ကိုယ့်ဘာသာ ၀ယ်ယူအသုံးပြုလို့ရတဲ့ လိပ်ခေါင်းပျောက် ခရင်မ်ကို လိမ်းပေးပါ။

၅) စအိုနာကျင်မူကြောင့် ပုံမှန်လုပ်ဆောင်မူတွေကိုတောင် မလုပ်နိုင်ဘူးဆိုရင် Ibuprofenလို အကိုက်အခဲနဲ့ ရောင်ရမ်းမူကျစေတဲ့ ဆေးဝါးကို မှီဝဲပေးပါ။

ဆရာဝန်နှင့် ပြသင့်သောအချိန်
- စအိုမှ သွေးထွက်တာ မရပ်မနားဖြစ်နေရင် ဒါမှမဟုတ် စအိုမှ သွေးထွက်တဲ့ ပမာဏ သိသိသာသာ များနေရင်၊

- စအိုမှ သွေးထွက်ခြင်းနဲ့တွဲပြီး ဖျော့တော့ခြင်း၊ မူးဝေခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်းတို့ ခံစားနေရရင်၊

- စအိုနာကျင်မူက ဝေဒနာ ပိုဆိုးလာရင် ဒါမှမဟုတ် စအိုနာကျင်မူနဲ့တွဲပြီး ချမ်းတုန်ခြင်း၊ ဖျားခြင်းတို့ ခံစားနေရရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

 (ကေအမ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...