အမျိုးသားများတွင် မျိုးမအောင်ခြင်း (+18)


photo:google

မျိုးမအောင်ဘူးဆိုတာ ဇနီးမောင်နှံတွေမှာ သန္ဓေတားဆေးမသုံးဘဲ အချိန်အနည်းဆုံး တစ်နှစ်ကြာတဲ့အထိ ကိုယ်ဝန်မရတာကို အကြမ်းဖျဉ်းအားဖြင့် သတ်မှတ်လေ့ ရှိပါတယ်။ ဇနီးမောင်နှံတွေရဲ့ ၁၅ရာခိုင်နူန်းခန့်ဟာ မျိုးမအောင်တတ်ပါဘူး။ အဲဒီမျိုးမအောင်ရခြင်းတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ အမျိုးသားတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးနှစ် ဘက်စလုံးကြောင့် မျိုးမအောင်နိုင်ခြေကတော့ သုံးပုံ တစ်ပုံလောက်ရှိပါတယ်။

အမျိုးသားများတွင် မျိုးမအောင်ခြင်း ဖြစ်ရသည်မှာ...
အမျိုးသားတွေမှာ မျိုးမအောင်ရတဲ့ အဓိက အကြောင်းရင်းကတော့ ကပ်ပယ်အိတ်ရှိ သွေးပြန်ကြောကြီးတွေ တွန့်တာ (Varicocele)ကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေကြောင့် ကပ်ပယ်အိတ်အတွင်းက သွေးပြန်ကြောဟာ ပိုပူနွေးလာပြီး ဝှေးစေ့ကနေထုတ်တဲ့ သုက်ကောင် အရေအတွက် လျော့နည်းသွားပါတော့တယ်။ အမျိုးသားတွေမှာ မျိုးမအောင်ခြင်းဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေကတော့ -

- အမျိုးသားရဲ့ မျိုးဆက်ပွားစနစ် ပိတ်ဆို့ခြင်း၊

- တချို့ဆေးဝါးမှီဝဲခြင်း၊

- သုက်ကောင်ရေ နည်းပါးခြင်း၊

- ဝှေးစေ့မဆင်းနိုင်ခြင်း၊

- ပုံစံပုံမှန်မဟုတ် သုက်ကောင်တွေဟာ ကောင်းကောင်း မကူးခပ်နိုင်ခြင်း၊

- ကူးစက်ပိုးဝင်ခြင်း၊

- အခြေခံကျန်းမာရေး ပြဿနာရှိခြင်း စတာတွေကြာင့် ဖြစ်ပါတယ်။

မျိုးအောင်ခြင်းကို ထိခိုက်စေတဲ့ တခြားအချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ အရက်ကို အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါးမှီဝဲခြင်း၊ စိတ်ဖိစီးမူများခြင်း၊ အ၀လွန်ခြင်းနဲ့ အသက်ကြီးလာခြင်းစတဲ့ အချက်တွေကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အမျိုးသားတွေမှာ မျိုးမအောင်ခြင်းဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်ပါဘူး။ မျိုးရိုးဗီဇ ကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမူ...
ဇနီးမောင်နှံတွေအနေနဲ့ လက်ထပ်ပြီး ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ တကယ်လို့ မတိုင်ပင်ဖြစ်ပါက သန္ဓေတားဆေးမသုံးဘဲ အချိန်တစ်နှစ် ကြာတဲ့အထိ သန္ဓေမအောင်ရင် ဆရာဝန်နဲ့ ပြသသင့်နေပြီ ဖြစ်ပါတယ်။

အမျိုးသားများတွင် မျိုးမအောင်ခြင်း စမ်းသပ်မူ...
အမျိုးသားတွေအနေနဲ့ မျိုးမအောင်ခြင်း ဖြစ်ရတဲ့ အခြေံခံကျန်းမာရေးပြဿနာအတွက် စမ်းသပ် စစ်ဆေးပြီး ကုသမူခံယူဖို့ အရေးကြီးပါတယ်။ အမျိုးသားတွေမှာ မျိုးမအောင်ခြင်း တစ်ဝက်လောက်ဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတတ်ပါတယ်။

ကုသမူကြောင့် ပုံမှန်သဘာဝတိုင်းပဲ သန္ဓေတည်နိုင်ပါတယ်။

 (ကေအမ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...