CCNA နှင့် CCNP (Route) လက်မှတ်ရ CISCO BOOT CAMP သင်တန်း ဖွင့်လှစ်မည်
CCNA နှင့် CCNP (Route) လက်မှတ်ရ CISCO BOOT CAMP သင်တန်းကို အောက်တိုဘာလ ၁ ရက်မှ စတင်ကာ IMCS သင်တန်းကျောင်းမှ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ထားသော Network ကွန်ရက်တွင် မဖြစ်မနေ သုံးရသော နည်းပညာများကို စနစ်တကျ လေ့လာနိုင်စေရန်၊ CISCO Device များကိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် အချိန်တို အတွင်း Cisco Certified Network Professional (CCNP) တစ်ဦးအဖြစ် ပြည်တွင်း ပြည်ပတွင်
CCNA နှင့် CCNP (Route) တို့ကို နိုင်ငံတကာ သင်ရိုးအတိုင်း သင်ကြားကာ ကျောင်းသား တစ်ဦးလျှင် အဆင့်မြင့် CISCO Router များ၊ Switch များဖြင့် နံနက်၉ နာရီ မှ ညနေ ၄နာရီအထိ နေ့စဉ် သင်ကြား ရမည် ဖြစ်ပြီး အချိန်ကာလမှာ ၃ လဖြစ်သည်။ Theory နှင့် Project များကို ကျွမ်းကျင်ပိုင်နိုင်မှသာ Cisco Exam, Person VUE (USA) မှ စစ်ဆေးသည့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုရမည် ဖြစ်သည်။ တက်ရောက်လိုသူများ အနေဖြင့် လူဦးရေကန့်သတ် ထားသောကြောင့် ကြိုတင် စာရင်းပေးသွင်း လိုသူများ အနေဖြင့် IMCS သင်တန်းကျောင်း ဖုန်း ၀၁-၅၁၄ ၉၄၄၊၀၉-၄၅၀၀ ၁၆၀၄၀ သို့ ဆက်သွယ်နိုင်သည်။
သန္တာ
Internet Journal
အတွဲ (၁၄)၊ အမှတ် (၃၈)