ၾသစေၾတးလ် နိုင်ငံရှိ Curtin University မှ ကျပ်သိန်း ၁၂၀ ခန့် ပညာသင် ထောက်ပံ့ကြေး ရရှိခဲ့သူ မအေးချမ်းခင်၏ Student Life

 

ဒီအပတ်မှာတော့ သြစတြေးလျ နိုင်ငံရှိ Curtin University မှ ပေးအပ်သည့် ပညာသင် ထောက်ပံ့ကြေး ရရှိခဲ့ သူ မအေးချမ်းခင်၏ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ညီမလေး သင်ယူခဲ့တဲ့ ဘာသာရပ်နဲ့ ကျောင်းအမည်ကို ပြောပြပေးပါဦး။
 
YIUS မှာ Foundation of Commerce ဘာသာရပ်ကို YIUS မှာ သင်ယူခဲ့ပါတယ်။

ဘယ်ကျောင်းကနေ ညီမလေးကို ပညာသင် ထောက်ပံ့ကြေးကို ပေးအပ်တာလဲ။

Australia နိုင်ငံ Curtin College က YIUS Foundation ရမှတ်ပေါ် မူတည်ပြီး ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့တာပါ။

ပညာသင် ထောက်ပံ့ကြေးကကော ဘယ်လို ရရှိခဲ့တာလဲ။

ပညာသင် ထောက်ပံ့ကြေးက Curtin College က YIUS နေ လျှောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ပေးတဲ့ဆုပါ။ YIUS Foundation မှာ အမှတ်၇၅ ရာခိုင်နှုန်းနှင့် အထက်ကျော်တဲ့ သူတွေ အနက် အကောင်းဆုံး အမှတ်ရသူ နှစ်ဦးကိုပဲ တစ်နှစ်အတွင်း ပေးအပ်ခဲ့ပါတယ်။ အဲဒီထဲမှာ သမီးက တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ Business ဘာသာရပ်နဲ့ပါ။

YIUS ကို ဘာကြောင့် ရွေးချယ် တက်ရောက်ခဲ့တာလဲ။

သမီးရဲ့ အစ်မကလည်း ဒီ YIUS မှာပဲ Foundation တက်ပြီး Curtin University မှာ တက်ရောက်ပြီး ဘွဲ့ရခဲ့ ပါတယ်။ ညီမလည်း ဆယ်တန်းအောင်ပြီး ကျောင်းတွေ အများကြီးထဲမှာ ဒီကျောင်းကို ရွေးချယ်ခဲ့တာပါ။ Foundation ကို ပြည်ပမှာ တက်စရာမလိုဘဲ ကိုယ့်မြန်မာပြည်မှာ အဆင်ပြေပြေနဲ့ တက်လို့ရတဲ့ အပြင် ငွေကုန် ကြေးကျလည်း သက်သာတယ်။ ပြီးတော့ နိုင်ငံခြား ကျောင်းသွား တက်ရောက်မယ့်သူတွေ အတွက်လည်း ကြိုတင် ပြင်ဆင်မှုလည်း ရလို့ပါ။

ပညာသင် ထောက်ပံ့ကြေးရဖို့ကော ညီမ ကြိုးစားခဲ့ပုံလေး ပြောပြပေးပါဦး။

စာကိုပုံမှန် ကျက်မှတ်ခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုကိုလည်း သေချာဂရုစိုက် မှတ်သားပါတယ်။ Assignment တွေ၊ Presentation တွေ၊ Report တွေကိုလည်း အချိန်ကိုက်၊ နည်းစနစ်တကျ လုပ်ဆောင်ခဲ့ပါ တယ်။ ပြီးတော့ ကျောင်းက သူငယ်ချင်းတွေနဲ့လည်း Team အလိုက် ပြုလုပ်ရတာတွေ ရှိတော့ သူတို့နဲ့လည်း အပြန်အလှန် ကူညီမှုတွေ ရခဲ့ပါတယ်။

Curtin College ကို ရွေးချယ်ခဲ့ပုံလေးပြောပြပါဦး။

Curtin က Business Major မှာ လက်တွေ့လည်း ကျတယ်၊ ပြီးတော့ သင်ကြားမှုလည်း ကောင်းတယ်လို့ ကြားသိခဲ့ရတယ်။

Curtin မှာ တက်ခဲ့တဲ့ ညီမရဲ့ အစ်မကလည်းသူ့ရဲ့ တက္ကသိုလ် အတွေ့အကြုံကို ပြန်ပြောပြတဲ့ အခါ ညီမ သဘောကျလို့ ဒီကျောင်းကို ရွေးချယ် တက်ရောက်ခဲ့တာပါ။

ပညာသင် ထောက်ပံ့ကြေးရဖို့ အတွက် ဘယ်လို လျှောက်ထားခဲ့လဲ။ ဘယ်လောက်ရခဲ့လဲ။

ပညာသင်ဆုရဖို့အတွက် YIUS က ကျောင်းလျှောက်ပေးခဲ့ပါတယ်။ ပထမနှစ် Diploma ရဲ့ One Semester Tuition Fee ဖြစ်တဲ့ သိန်း ၁၂၀ ကင်းလွတ်ခွင့် Scholarship ရရှိခဲ့ပါတယ်။

ကျောင်းပြီးသွားရင်ရော ဘာဆက်လုပ်မယ် ဆိုတဲ့ ညီမလေး ရည်မှန်းချက်လေး ပြောပြပါဦး။

ညီမကျောင်းပြီးသွားရင် ညီမ သင်ကြားလာတဲ့ Business ဘာသာရပ်နဲ့ပဲ မြန်မာပြည်ပြန်လာပြီး အိမ်က Business ကို ပဲဦးစီးပြီး လုပ်ကိုင်သွားမှာပါ။

Internet Journal
အတွဲ (၁၄)၊ အမှတ် (၃၈)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...