မူရာကြော့ပြီး ကိုယ်ဟန်ချီစေ



အာရှ ပစိဖိတ်အလှမယ် သရဖူ ဆုကို လောလော လတ်လတ် ရရှိခဲ့ပြီး ပရိသတ်ကြား ရေပန်း စားလျက် ရှိသော အလှမယ် မေမြတ်နိုးဖြစ်လာစေရန် ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေး သင်တန်းကျောင်းက ငါးလတာအတွင်း ပြောင်းလဲပေးခဲ့သည်။

ထိုပြောင်းလဲမှုကြောင့် ပြိုင် ဘက်နိုင်ငံတကာ အလှမယ် ၄၀ ကျော်ကို အနိုင်ယူကာ စင်မြင့် ထက်၌ မြန်မာ့ဂုဏ်ကိုဆောင်နိုင် ခဲ့သည်။

ပြိုင်ပွဲဝင်စဉ် ကာလတစ် လျှောက်၌လည်း သူမ၏ အပြုံးချိုချိုနှင့် ခန္ဓာကိုယ်အချိုးအစား က လှပဆွဲဆောင် မှုရှိကာ ကမ္ဘာ့စင်မြင့်များတွင် ၀င်ဆံ့နိုင်သည့် အလားအလာကောင်းသူဟု ဒိုင်အများစုက မှတ်ချက်ပြုခဲ့ကြ သည်။

သူမသည် ယခင်အိပ်မက်ဆုံ ရာအစီအစဉ်၌ ၀င်ပြိုင်ခဲ့ပြီး ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေး သင်တန်းကျောင်းသို့ ၂၀၁၃ ဒီဇင်ဘာတွင်ရောက်ရှိလာ ၂၀၁၄ ဇန်န၀ါရီလဆန်းမှစ၍ ပြိုင်ပွဲမ၀င်မီ ကာလအထိ မိန်းကလေးတစ်ဦး၌ ရှိသင့်ရှိထိုက်သည့် ကိုယ်နှုတ် အမူအရာ ယဉ်ကျေးမှုတို့ကို Style Plus H (School of Personality Enhancement) အမည်ရှိ သင်တန်းမှ သင်ယူခဲ့သည်ဟု သင်တန်းဆရာမ မလှနုထွန်းက ဆိုသည်။

အလှမယ် မေမြတ်နိုးသရဖူ ဆောင်းနိုင်ရန်အတွက် ကိုယ်ရည် ကိုယ်သွေးနှင့်ပတ်သက်သည့် စာ ပေများ၊ ပွဲအခမ်းအနားများ၌ အမျိုးသမီးတစ်ယောက် အဆင့် အတန်းရှိစွာ သွားလာနေထိုင် နည်း၊ စားသောက် နည်းတို့နှင့် စိတ်ထားနူးညံ့စွာထားတတ် ပုံတို့ကို ငါးလကြာ သင်ကြားပေးခဲ့ရသည်ဟု ဆိုသည်။

ဒါကြောင့် မေမြတ်နိုးအဖြစ် မွေးထုတ်ပေးနိုင်ခဲ့သောStyle Plus H သင်တန်းအ ကြောင်းကို လေ့လာစူး စမ်းကြည့် မိခဲ့သည်။

အဆိုပါ သင်တန်းကျောင်း သည် မော်ဒယ်အေဂျင်စီများ ကဲ့သို့ မော်ဒယ်များသာ တက် ရောက်နိုင်သည့် သင်တန်းမျိုး မဟုတ်ဘဲ အရွယ်ရောက်ပြီးသူ ကျား၊ မ မရွေးဆယ်ကျော်သက် အရွယ်များမှစ၍ လုပ်ငန်း ခွင်ဝင် သူများနှင့် မိဘများပါ တက် ရောက်နိုင်သည့် သင်တန်းဖြစ် သည်။

လူတစ်ဦး၏ ကိုယ်နှုတ်အမူအရာ၊ အပြောအဆို၊ အနေအထိုင်မှစ၍ စိတ်ထားနူးညံ့သိမ်မွေ့လာ စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရ သည်။

‘‘မယ်ပြိုင်ပွဲတွေ လိုက်ကူ ပေးရင်းနဲ့ မယ်တွေဆိုတာ နိုင်ငံ ကို ကိုယ်စားပြုပါလား။ သူတို့ရဲ့ ကိုယ်ရည် ကိုယ်သွေးက ဆက်စပ် နေမှသာလျှင် အမှတ်က တကယ် တက်ပါလားဆိုတာ သတိထားမိ သွားတယ်။ ဒီသင်တန်းက တကယ်လိုပါလားဆိုပြီး ဖွင့်ဖြစ် သွားတာပါ’’ ဟု သင်တန်းဆရာမ မလှနုထွန်းက ဆိုသည်။

အဆိုပါ သင်တန်းတွင် သင် ကြားပေးသည်များက အခမ်းအ နားပွဲလမ်းများတွင် နေထိုင်စား သောက်ပုံ၊ အပြောအဆို၊ အမူအ ရာ၊ အကနှင့် လမ်းလျှောက်ပုံ လျှောက်နည်းများကို သက်ဆိုင် ရာ ကျွမ်းကျင်ဆရာ၊ ဆရာမများ နှင့် သင်ကြားပေးသည်။ အလား တူ မိတ်ကပ်ပြင်ဆင်နည်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကို သင်ကြားမှုလည်း ပါဝင် သည်။ ယင်းသင်တန်းကို ၂၀၁၃ ခုနှစ်ဆန်းမှစ၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သူ အများစုသည် ဆယ်ကျော်သက်အရွယ် မိန်းက လေးများဖြစ်သည်။

‘‘၁၃ နှစ်ပဲ ရှိသေးတဲ့ အဆိုတော်အဲလက်စ်သမီးဆိုရင်လည်း ဒီသင်တန်းပေးလိုက်တော့ တော် တော်ပြောင်းလဲသွားလို့ သူ့အမေ က သဘောကျနေတယ်။ ရင့် ကျက်သွားတယ်။ ဝေဖန်ပိုင်းခြား နိုင်သွား တယ်။ ခွက်ကိုင်တာ၊ ရေ သောက်တာကအစ ဒါက ပဲများ တာမဟုတ်ဘူး။ မိန်းကလေး ပီပီ သသ နေတတ်သွားတာ။ လူတွေနဲ့ စကားပြောရဲသွားတယ်။ မကြောက်တော့ဘူး။ မရှက်တော့ ဘူး’’ ဟု ၎င်းက ဆိုသည်။

ကိုယ်ရည်ကိုယ်သွေးမြှင့် တင်ပေးသည်ဆိုသည်မှာ မိမိ၏ အတွင်းစိတ်ကိုသာမက အရည် အသွေးပိုင်းကို ပါ မြှင့်တင်ပေး ခြင်းဖြစ်ပြီး အဆိုပါ သင်တန်း တက်ခြင်းအားဖြင့် မိန်းကလေး ပီသစွာ နေထိုင်တတ် လာခြင်း၊ အပြောအဆို၊ အမူအရာမှစ၍ လူမှုပတ်ဝန်းကျင်၌ ၀င်ဆံ့နိုင် သော အကျိုးကျေးဇူးများရရှိလာ မည်ဖြစ်ကြောင်း သိရသည်။

‘‘အရမ်းအေးတဲ့ကလေးတွေ တောင် ဒီသင်တန်းတက်ပြီးရင် စကားပြောရဲလာတယ်။ သူများ ပြောနေတဲ့ အချိန်မှာ အထွန့်မ တက်ရဘူး။ ပြီးမှ အေးအေးဆေး ဆေး ရှင်းပြ၊ ဒါက ခေါင်းဆောင် ကောင်းပဲ။ ဘာအခက်အ ခဲပဲ ရှိရှိ ပြုံးပြုံးလေးနေလိုက်၊ အဲဒီလိုမျိုးတွေကို မြှင့်တင်ပေး တာပါ’’ ဟု သူမကဆိုသည်။

သင်တန်းတွင် Level ခြောက်ခုထိ တက်ရောက်နိုင်ပြီး တစ်ခုလျှင် အချိန် ၂၄ နာရီကြာ သင်ကြားပေး သည်။ သင်တန်း ကြေးမှာ Level တစ်ခုလျှင် ငွေ ကျပ် တစ်သိန်းခွဲဖြစ်သည်။ သင် ကြားမှုအပိုင်းကို တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၂ နာရီနှုန်းဖြင့် သင်ကြားပေးသည်။

မြန်မာနိုင်ငံတွင် အနောက် တိုင်းယဉ်ကျေးမှုများ ၀င်လာသည်နှင့်အမျှ အနောက်တိုင်းဆန် ဆန် ၀တ်စား လာခြင်းနှင့်အတူ လမ်းလွဲလိုက်သည့် လူငယ်အချို့ စိတ်ဓာတ်များ ပျက်ပြားလာပြီး ယဉ်ကျေးမှုကို လျစ်လျူရှုမှုများရှိ နေသည်။

အနုပညာရှင်များနှင့် အလှ မယ်များက စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများတွင် ပူး ပေါင်းပါဝင် သင့်ကြောင်း ၎င်းတို့ ရှေ့ဆောင်လမ်းပြ လုပ်နိုင်ပါက ပိုမိုထိရောက်နိုင်သည်ဟု ဆို သည်။

‘‘ရုပ်ရှင်ဆိုတာက တစ်နိုင်ငံ လုံးက ကြည့်နေကြတာ။ သူတို့ ကို ဒီသင်တန်းနဲ့ လိုက်မြှင့်တင် ပေးလိုက် မယ်ဆိုရင် ဒီရုပ်ရှင်ကို ကြည့်နေတဲ့ နယ်ကလူတွေက ရာနဲ့ချီတော့ အဲဒီလူတွေလိုက် ပြောင်းလဲသွားမှာ။ ဒီသင်တန်းက ရိုကျိုးတဲ့စိတ်၊ လေးစားတဲ့စိတ်၊ လိုက်နာတဲ့စိတ်တွေကို အဓိက မြှင့်တင်ပေးတာ။ ဒါ့ကြောင့် လူ တစ်ယောက်မှာ အရမ်းအရေးပါ တယ်’’ ဟု မလှနုထွန်းက ဆို သည်။

မြန်မာနိုင်ငံတွင် မော်ဒယ် အေဂျင်စီအနေဖြင့် မတင်မိုးလွင် နှင့် ဂျွန်လွင်တို့ရှိပြီး ယခုကဲ့သို့ ကိုယ်ရည် ကိုယ်သွေးမြှင့်တင်ပေး ရေး သင်တန်းကမူ Style Plus H သင်တန်းတစ်ခုတည်းသာ ရှိသည်။

‘‘ခုခေတ်က ကလေးတွေက လူကြီးပခုံးကို တိုက်မိတာတောင် မှ တောင်းပန်ပါတယ်လို့ တစ်ခွန်း မပြော ဘူး။ ပြီးတော့ ခုက တိုးရစ် တွေက ကိုယ့်နိုင်ငံကို လာနေကြ တာလေ။ ဒီလိုရိုင်းပြတာတွေ မြင် ရင် သူတို့က အထင်သေးသွား လိမ့်မယ်။ ဒီလိုသင်တန်းမျိုးတွေ များများဖွင့်ပေးနိုင်ရင် ပိုကောင်း တာပေါ့’’ ဟု ဆေးကုမ္ပဏီတစ်ခုမှ အသက်(၂၅)နှစ်အရွယ် မမေမွန် မွန်က ပြောသည်။

အရပ်သား အစိုးရသစ်လက် ထက်၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ် လာ သည်နှင့်အမျှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့်အတူ နိုင်ငံခြားသား ခရီးသွားများ ပိုမိုဝင်ရောက်လာခဲ့ သည်။ ထို့ကြောင့် အိမ်ရှင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသားများအ နေဖြင့် ရင်းနှီးဖော်ရွေသော အမူ အရာ၊ နိုင်ငံ၏ ယဉ်ကျေးမှုကို ဖော်ပြနိုင်ရန် လိုအပ်သည်။ သို့မှ မိမိတို့နိုင်ငံကို အထင်မြင်သေး မှုများ လျော့ပါး မည်ဖြစ်သည်။

သူတစ်ပါးကို လေးစားလို စိတ်၊ ရိုကျိုးလိုစိတ်၊ လိုက်နာလို စိတ်ဟူသည့် အရိပ်သုံးပါး နား လည်မှသာ စိတ်ဓာတ်ဖွံ့ဖြိုးကာ လူမှုပတ်ဝန်းကျင်၌ ၀င်ဆံ့နိုင်မည်ဖြစ်သည်။ လူမှုဆက်ဆံရေး ကောင်းမွန်လာ သည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများစွာလည်း ပိုမိုရရှိနိုင်မည် ဖြစ်သည်။

7Day News Journal
No.401 Friday, June 6, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...