ဟောလီးဝုဒ် သရုပ်ဆောင်တွေလို သင်လည်း အပြာရောင်မျက်လုံး ပိုင်ဆိုင်နိုင်ပြီ
မျက်လုံးအပြာရောင် ပိုင်ရှင်တွေဟာ များသော အားဖြင့် သာမန်လူတွေထက် ပိုပြီးစွဲဆောင်မှု ရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားကြပါတယ်။ ဟောလီးဝုဒ် ရုပ်ရှင် မင်းသားတွေ ထဲမှာလည်း ဂျိန်းစဘွန်း မင်းသား ဒန်နီရယ်ခရိတ်၊ ဘရက်ဒလေ ကူးပါး၊ ပေါလ်ဝေါ်ကာ စတဲ့ မင်းသားချောတွေ အားလုံး အပြာရောင်မျက်လုံး ပိုင်ရှင်တွေ ဖြစ် ပါတယ်။ ဒီနေ့ခေတ် မှာတော့ တိုးတက်လာတဲ့ နည်းပညာတွေအရ အညိုရောင် မျက်လုံးပိုင်ရှင်တွေဟာ အပြာရောင် မျက်လုံးပိုင်ရှင် ဖြစ်နိုင်နေပါပြီ။
ကမ္ဘာ့လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းကပဲ အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ကြတာဖြစ်တယ်။ တနည်းအားဖြင့် အယောက် ၁၀၀ မှာ အပြာရောင်မျက်လုံး ပိုင်ရှင်ဟာ ၁၇ ဦးပဲ ပါဝင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ လူတိုင်း စွဲဆောင်မှုရှိတဲ့ အပြာရောင်မျက်လုံးကို မျက်ကပ်မှန်မတပ်ပဲ ပိုင်ဆိုင်နိုင်ကြပါပြီ။ ‘‘ အညိုရောင် မျက်လုံး အမျိုးအစားနဲ့ အပြာရောင်မျက်လုံး အမျိုးအစားနှစ်ခုကြားမှာ အရမ်းကိုပါးလွှာတဲ့ မျက်နှာပြင် တစ်ခုပဲ ကွာခြား တာပါ။ ကျန်တာအားလုံး အတူတူပါပဲ’’ လို့ ဒေါက်တာ ဂရက်ဟော်မာက ပြောပြပါတယ်။ ဒီနေ့ခတ် မှာတော့ လေဆာနည်းပညာနဲ့ မျက်လုံးအရောင်ပြောင်းလဲလို့ ရနေပြီဖြစ်ပါတယ်။ သင့်ရဲ့ အညိုရောင် မျက်လုံးကို အပြာရောင်ပြောင်းလဲဖို့အတွက် လေဆာနည်းပညာကို Storma ဆေးဝါးဆိုင်ရာဌာနက ဆရာဝန်တွေ ပူးပေါင်း ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကုန်ကျန်စရိတ်ကတော့ ဒေါ်လာငါးထောင်ဝန်းကျင်(မြန်မာငွေကျပ် သိန်းငါးဆယ်) ကျသင့် မှာဖြစ်လို့ များပြားတဲ့ ဈေးနှုန်းဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုပြီး မက္ကဆီကိုနိုင်ငံမှာ ၁၇ ဦး၊ ကနေဒါနိုင်ငံမှာ ၂၀ ဦး မျက်လုံးအရောင် ပြောင်းလဲကုသမှု ခံယူနေဆဲ ဖြစ်ပါတယ်။ အမေရိကမှာတော့ ဒီနည်းပညာကို အသုံးပြုဖို့ အစိုးရက ခွင့်မပြုသေးပဲ လုံးဝဘေးကင်းကြောင်း သက်သေပြနိုင်မှသာ ကုသခွင့် ရမှာ ဖြစ်ပါတယ်။
Ref - CNN
http://www.planet.com.mm
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မကြာခင်ရောင်းချတော့မည့် Apple စမတ်နာရီအကြောင်း သိသင့်သမျှ (၁) Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) သင် တနင်္ဂနွေကြောက် ရောဂါ ဖြစ်နေပြီလား Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'