မွှေစက် (Blender)...
အလုပ်မှာရှိနေတဲ့ ခင်ပွန်းသည်က သူ့အိမ်ကို ဖုန်းလှမ်းဆက်သည်။
(ခင်ပွန်း)- "မိန်းမ မင်းဘယ်မှာလဲ...?"
(ဇနီး)- "အိမ်မှာပဲလေ ယောကျ်ားရဲ့..."
(ခင်ပွန်း)- "သေချာလား မိန်းမ...?"
(ဇနီး)- "သေချာတာပေါ့ ယောကျ်ားရဲ့...?"
(ခင်ပွန်း)- "ဒါဆိုရင် မီးဖိုခန်းထဲက မွှေစက်(Blender)ကို ဖွင့်ပြ..."
ဇနီးသည်က မွှေစက်(Blender)ကို ဖွင့်ပြလိုက်သည်။
"ဂျရီး ဂျရီး ဂျရီး ဂျရီး...."
(ခင်ပွန်း)- "အော် အိုကေ... Goodbye ဟန်နီ..."
နောက်တနေ့...
(ခင်ပွန်း)- "မိန်းမရေ မင်းဘယ်မှာလဲ...?"
(ဇနီး)- "အိမ်မှာပဲပေါ့ ယောကျ်ားရဲ့..."
(ခင်ပွန်း)- "သေချာရဲ့လား မိန်းမ...?"
(ဇနီး)- "သေချာတောပေါ့ ယောကျ်ားရဲ့..."
(ခင်ပွန်း) "ဒါဆိုရင် မီးဖိုခန်းထဲက မွှေစက်(Blender)ကို ဖွင့်ပြ..."
ဇနီးသည်က မွှေစက်(Blender) ကို ဖွင့်ပြလိုက်သည်။
"ဂျရီး ဂျရီး ဂျရီး ဂျရီး...."
(ခင်ပွန်း)- "အိုကေ... Goodbye ဟန်နီ... I love you..."
နောက်တနေ့တွင် ယောကျ်ားဖြစ်သူသည် အိမ်ကို တိတ်တဆိတ် ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ အိမ်ရောက်သည့်အခါ သားဖြစ်သူကိုပဲ တွေ့၍ မင်းအမေ ဘယ်မှာလဲလို့ မေးလိုက်သည်။ ဒီအခါ သားဖြစ်သူက....
"ကျနော်လည်း မသိဘူး အဖေ... မွှေစက်(Blender) ကြီး ယူပြီး အပြင်ထွက်သွားတာပဲ..."








ဘ၀အမောတွေ ပြေနိုင်ကြပါစေ...