ပလပ်စတစ်ညစ်ညမ်းမှု...
နှစ်စဉ် ကမ္ဘာ့သမုဒ္ဒရာတွေထဲကို ဝင်ရောက်လာတဲ့ အမှိုက်သရိုက်တွေကနေ ယိုယွင်းလာတဲ့ ပလပ်စတစ်အပိုင်းအစတွေဟာ သမုဒ္ဒရာကြမ်းပြင်အောက်တွေမှာ သွားရောက်ပြန့်ကျဲနေပါတယ်။ အဆိုပါ ပလပ်စတစ်ညစ်ညမ်းမှု ပမာဏဟာ ခန့်မှန်းခြေအားဖြင့် တန်ချိန် ၁၄ သန်းခန့် ရှိတယ်လို့ သြစတြေးလျအမျိုးသားသိပ္ပံအေဂျင်စီ (Australia's national science agency) က ဆိုပါတယ်။
ဒီပမာဏဟာ ယခင်ဒေသတွင်း လေ့လာမှုတွေကနေ ဖော်ပြခဲ့တဲ့ ပမာဏထက် ၂၅ ဆ ပိုမိုများပြားတယ်လို့ အေဂျင်စီက ဆိုပါတယ်။
သုတေသီတွေဟာ တောင်သြစတြေးလျကမ်းရိုးတန်းမှ မီတာ ၃၀၀၀ အထိနက်တဲ့ နေရာတွေကနေ အမှိုက်နမူနာတွေကို ရယူဖို့ စက်ရုပ် ရေငုပ်သင်္ဘောတွေကို အသုံးပြုခဲ့ပါတယ်။ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ အခုလို ပလပ်စတစ် ညစ်ညမ်းမှုတွေကို ထုနဲ့ထည်နဲ့ တွေ့ရှိခဲ့လို့ အံ့အားသင့်ခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။
အဏ္ဏဝါပလပ်စတစ် ညစ်ညမ်းမှုဟာ တောရိုင်းတိရစ္ဆာန်များ၊ လူ့ကျန်းမာရေးနဲ့ ဂေဟစနစ်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းဖို့ အလျင်အမြန် ပူးပေါင်းလုပ်ဆောင်ကြရန် သက်ဆိုင်ရာအစိုးရများ၊ လုပ်ငန်းရှင်များနဲ့ လူမှုအသိုင်းအဝိုင်းများကို ပညာရှင်များက တောင်းဆိုထားပါတယ်......။
Save Your Environment, Save Yourself...!
ref;14 million tonnes of microplastics on sea floor: Australian study, BKK post
- (အရှေ့သို့) "As in war, so in life" ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Flibanserin အမျိုးသမီးတွေ အတွက်ဆေးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) 'တူ' (Chopstick)... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Flibanserin အမျိုးသမီးတွေ အတွက်ဆေးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ