ကျေးဇူးပြုပြီး...
ရထားပေါ်မှာ အရမ်းကို စက်စီကျပြီး လှပသည့် အမျိုးသမီးတစ်ဦးက မျက်နှာချင်းဆိုင် ထိုင်နေသည့် အမျိုးသားတစ်ဦးကို ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကျမ ကိုယ်ပေါ်ကနေ တစ်စုံတရာကို ဖယ်ရှားပေးလို့ ရမလားရှင်...?"
အမျိုးသားက စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရနှင့်...
"ဝိုး...!!! သိပ်ရတာပေါ့ဗျာ... ကျုပ်က ဒီလိုကူညီရတာ အရမ်းပျော်တယ်... ကဲ ဘာကို ဖယ်ရှားပေးရမလဲ ပြော...?"
ဒီအခါ အမျိုးသမီးက ဒေါသတစ်ကြီးနဲ့...
"ရှင့် မျက်လုံးတွေကို ပြောနေတာ အရူးရဲ့...!!!"







