ကျမဖုန်း...
ည ၁၀ နာရီလောက်မှာ ဖုန်းဝင်လာလို့ ဇနီးဖြစ်သူ သွားကိုင်တယ်။
(ဇနီး) "ဟလို..! သူ အခု အိမ်မှာ ရှိနေတယ်..."
ဇနီးဖြစ်သူ ဖုန်းချလိုက်ပြီးတဲ့နောက်...
(ခင်ပွန်း) "ပြောထားရက်သားနဲ့ကွာ... ကိုယ် အိမ်မှာရှိတယ်လို့ ဘာလို့ သွားပြောတာလဲ...?
(ဇနီး) "ရှင့်ပါးစပ် ပိတ်ထား...! အဲဒါ ရှင့်ဖုန်း မဟုတ်ဘူး... ကျမကို ဆက်တာ..."







