အဖွားအိုရဲ့ အိမ်ထောင်ရေး ဗျူဟာ...
အသက် (၈၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားအိုတစ်ဦးဟာ စတုတ္ထအကြိမ်မြောက် အိမ်ထောင်ပြုခဲ့ပါတယ်။ ဒီသတင်းကို ကြားတဲ့ ဒေသတွင်းရှိ သတင်းဌာနတစ်ခုက အဖွားအိုကို လာရောက် အင်တာဗျူးလုပ်ခဲ့ပါတယ်။
သတင်းဌာနက အဖွားအိုရဲ့ ဘဝကောက်ကြောင်းတွေ... ဒီအသက်အရွယ် ရောက်မှ အိမ်ထောင်ပြုတာနဲ့ ပတ်သက်လို့ အဖွားအိုရဲ့ ခံစားချက်တွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယခု စတုထ္တမြောက် ခင်ပွန်းဖြစ်သူရဲ့ အလုပ်အကိုင်ကို မေးမြန်း ခဲ့ပါတယ်။
"အမေ့ လက်ရှိ ခင်ပွန်သည်ရဲ့ အလုပ်အကိုင်လေး သိပါရစေ?"
အဖွားအိုက တည်ငြိမ်စွာဖြင့်...
"နာရေးလုပ်ငန်း ဒါရိုက်တာပါ..."
ဆက်လက်ပြီးတော့ သတင်းဌာနက စိတ်၀င်တစားနဲ့...
"အမေ စိတ်မဆိုးဘူး ဆိုရင် အရင် အိမ်ထောင်(၃)ဆက်က ခင်ပွန်းသည်တွေရဲ့ အလုပ်အကိုင်လေးတွေ ကိုလည်း သိချင်ပါတယ်...?"
အဖွားအိုဟာ အရင်အတိတ်က အကြောင်းတွေကို ပြန်စဉ်းစားဖို့ ခေတ္တခဏ ငြိမ်သက်သွားပြီး ခဏအကြာမှာတော့ မျက်နှာထားပြုံးပြုံးနဲ့ ဂုဏ်ယူဝံ့ကြွားစွာ ပြန်ဖြေလိုက်ပါတယ်။
"အမေအသက် (၂၀) အရွယ်တုန်းက လက်ထပ်ခဲ့တဲ့သူက ဘဏ်လုပ်ငန်း ပိုင်ရှင်တစ်ယောက်ပါ.... အဲဒီနောက် အသက် (၄၀)အရွယ်မှာ လက်ထပ်ခဲ့တဲ့ ဒုတိယမြောက် ခင်ပွန်းကတော့ ဆပ်ကပ်ပြပွဲကို ဦးစီးသူ တစ်ယောက်ပါ... နောက်ပြီး... တတိယမြောက် တစ်ယောက်ကတော့ ဘာသာရေး တရားဟော ဆရာပါ.... သူ့ကို အမေ့အသက် (၆၀)အရွယ်မှာ လက်ထပ်ခဲ့တာပါ...
အင်တာဗျူး လုပ်သူဟာ အံ့သြစွာနဲ့ အဖွားအို မျက်နှာကို ငြိမ်သက်စွာ စိုက်ကြည့်နေပြီး ခဏအကြာမှာ နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးခဲ့ပါတယ်။
"အမေက အခုလို မတူကွဲပြားတဲ့ ခင်ပွန်းသည် ၄ ဦးကို ဘယ်လို အစီအစဉ်နဲ့ လက်ထပ်ခဲ့တာလဲ...?"
အဖွားအိုက ပြုံးစိစိနဲ့...
"သိပ်လွယ်တာပေါ့ ငါ့သားရယ်.... ပထမ တစ်ယောက်ကို အမေက ငွေအတွက် လက်ထပ်ခဲ့တယ်... ဒုတိယ တစ်ယောက် ကိုတော့ ရှိုး(Show)အတွက် လက်ထပ် ခဲ့တယ်... တတိယမြောက် တယောက် ကတော့ (ဘုရား တရားအတွက်) အသင့်ပြင်ဆင် ဖို့ဖြစ်ပြီးတော့... နောက်ဆုံး တယောက်ကတော့ အမေလည်း သွားချိန်ရောက်ပြီ ဆိုတော့ သွားဖို့ အတွက်ပေါ့...သားရယ်..."
- (အရှေ့သို့) No pain! No gain! ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) အတိတျ... ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်