မြင်းမ...
(ခင်ပွန်း)- "မင်း ငါ့ကို ဘာဖြစ်လို့ ရိုက်တာလဲကွ...?"
(ဇနီး)- “မနေ့ညက ရှင့်ဘောင်းဘီ အိတ်ထဲမှာ 'မယ်ရီ' လို့ ရေးထားတဲ့ စာရွက်တစ်ရွက် တွေ့တယ်... အဲဒီကိစ္စကို ရှင်းစမ်းပါဦး..."
(ခင်ပွန်း)- "စိတ်လျှော့ပါ မိန်းမရယ်... ငါ ရှင်းပြပါ့မယ်... ပြီးခဲ့တဲ့အပတ်က မြင်းပြိုင်ပွဲသွားတာ မှတ်မိသေးလား...? အဲဒီ 'မယ်ရီ' ဆိုတာက ငါ လောင်းခဲ့တဲ့ မြင်းရဲ့ နာမည်လေကွာ..."
နောက်တစ်နေ့ညနေ ခင်ပွန်းဖြစ်သူ အလုပ်ကနေ ပြန်ရောက်တော့ ဇနီးက သူ့ကို ပါးထပ်ရိုက်လိုက်ပြန်တယ်။
(ခင်ပွန်း)- "ဒါ ဘာလုပ်တာလဲကွ...!"
(ဇနီး)- "ဒီမနက် ရှင့် မြင်းမက ဖုန်းဆက်လာတယ်..."







