မြည်းလိုလူတွေနဲ့ အငြင်းအခုံ မလုပ်ပါနဲ့...
မြည်းက ကျားကို ပြောသည်။
"မြက်ခင်းပြင်က အပြာရောင်..."
ကျားက ပြန်ပြောသည်။
"မဟုတ်ဘူး အစိမ်းရောင်..."
ဒီလိုနဲ့ နှစ်ဘက်ငြင်းခုံမှုက ပိုမိုပြင်းထန်လာပြီး အမှားအမှန် ဆုံးဖြတ်ရန် တောဘုရင် ခြင်္သေ့မင်းထံသို့ သွားကြသည်။
ခြင်္သေ့မင်းထိုင်နေသည့် နေရာအနားမရောက်မီ မြည်းက စတင်အော်ပြောသည်။
"အရှင်ခြင်္သေ့မင်း... မြက်ခင်းပြင်က အပြာရောင်ဆိုတာ မှန်ပါသလား...?"
ခြင်္သေ့မင်းက ပြန်ဖြေသည်။
"မှန်ပါသည်... မြက်ခင်းပြင်က အပြာရောင်ပါ..."
မြည်းက ခပ်သုတ်သုတ်နဲ့ ဆက်ပြောသည်။
"ကျားက အကျွန်ုပ်ပြောတာကို သဘောမတူဘူး... ဆန့်ကျင်တယ်... အကျွန်ုပ်ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်လို့ သူ့ကိုအပြစ်ပေးပါ အရှင်ခြင်္သေ့မင်း...."
ထို့နောက် တောဘုရင်က ကျားကို ၅ နှစ်လုံးလုံး နှုတ်ပိတ်နေစေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။
မြည်းသည် အလွန်ကျေနပ်အားရကာ ပျော်ရွင်စွာနဲံ ခုန်ပေါက်ပြီး ပြန်လာခဲ့သည်။ သူ့ရဲ့နှုတ်မှလည်း တတွတ်တွတ် ရေရွတ်လျက်....
'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်' 'မြက်ခင်းပြင်သည် အပြာရောင်'
ကျားသည် ပြစ်ဒဏ်ကို ကျေနပ်စွာ လက်ခံခဲ့သော်လည်း သူက ခြင်္သေ့မင်းကို...
"အရှင်ခြင်္သေ့မင်း... မြက်ခင်းပြင်သည် အစိမ်းရောင်ဖြစ်ပါလျက် အဘယ့်ကြောင့် အကျွန်ုပ်ကို ဒဏ်ခတ်တော်မူပါသနည်း...?" ဟု မေးခွန်း ထုတ်လိုက်သည်။
"မှန်ပါတယ် အသင်ကျား... တကယ်တော့ မြက်ခင်းပြင်က အစိမ်းပါ..."
"ဒါဆိုရင် အရှင်ခြင်္သေ့မင်းက အဘယ့်ကြောင့် အကျွန်ုပ်ကို အပြစ်ပေးတော်မူပါသနည်း...?"
ခြင်္သေ့မင်းက တည်ငြိမ်စွာနဲ့ ပြန်ဖြေသည်။
"ယခုလို အပြစ်ပေးခြင်းသည် မြက်ခင်းပြင်ဟာ ပြာသလား... စိမ်းသလား... ဟူသော မေးခွန်းနဲ့ မသက်ဆိုင်ပါ... သင့်လို ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သတ္တဝါတကောင်အနေနဲ့ ဒီလို ဉာဏ်အမြော်အမြင်မရှိတဲ့ မြည်းတစ်ကောင်နဲ့ ငြင်းခုံရန်ဖြစ်ပြီး အချိန်ဖြုန်းနေဖို့ မဖြစ်နိုင်လို့ အခုလို အပြစ်ပေးလိုက်ခြင်းဖြစ်တယ် အသင်ကျား..."
@Moral Stories
- (အရှေ့သို့) မွှေစက် (Blender)... Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ
- (အနောက်သို့) အောင်ပွဲ... Acer Aspire E1-510P-2671 Laptop Review ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်းSusten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ