ဖတ်မရဘူး...
လူတဦး ဆိုင်ကယ်ကို မြန်နှုန်းမြှင့် မောင်းနှင်မှုကြောင့် အဖမ်းခံရသည်။ တရားရုံးရောက်သောအခါ တရားသူကြီးက...
"ခင်ဗျား ဘာတွေ လျှောက်လဲချက် ပေးချင်သလဲ..."
"တရားသူကြီးမင်းခင်ဗျား ကျနော့မှာ ဘာအပြစ်မှ မရှိပါဘူး...."
"ဘာကွ တနာရီကို မိုင် ၃၀ နှုန်း မောင်းရမယ်လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို မဖတ်ဘူးလားကွ...."
"တရားသူကြီးမင်းရယ် တစ်နာရီကို မိုင် ၈၀ နှုန်း မောင်းနေတဲ့အချိန် အဲဒီစာကို ကျနော် ဘယ်လို ဖတ်လို့ရမှာလဲဗျာ...."
"တိန်..."





