ပြောရင်ယုံမှာမဟုတ်ဘူး...
"မင်း ဘယ်မှာနေလဲ...?"
"ကျနော့မိဘတွေနဲ့ နေပါတယ်..."
"မင်းမိဘတွေက ဘယ်မှာနေလဲ...?"
"ကျနော်နဲ့ နေပါတယ်..."
"မင်းတို့အားလုံး ဘယ်မှာနေလဲ...?"
"အတူတူပဲ နေကြပါတယ်..."
"မင်းတို့အိမ်က ဘယ်မှာလဲ...?"
"ကျနော်တို့ အိမ်နားနီးချင်းအိမ်နဲ့ ကပ်လျက်ပါ..."
"ဒါဆို မင်ရဲ့ အိမ်နားနီးချင်းအိမ်က ဘယ်နေရာမှာလဲ...?"
"ပြောရင် ခင်ဗျား ယုံမှာတောင် မဟုတ်ဘူး..."
"ပြောမှာသာ ပြောစမ်းပါကွာ..."
"ကျနော်တို့အိမ်ရဲ့ ဘေးမှာပါ..."









