Gurung လူမျိုးစုတွေရဲ့ ရှေးရိုးရာ တောရိုင်းပျားရည် စုဆောင်းခြင်း...
ပုံတွေကတော့ ဓါတ်ပုံဆရာ Andrew Newey က သူ့ရဲ့ နီပေါနိုင်ငံ ခရီစဉ်အတွင်း စိတ်၀င်စားဖွယ်ရာ ဓါတ်ပုံအချို့ကို ရိုက်ကူး မှတ်တမ်းတင်ထားတာပါ။ နီပေါနိုင်ငံ ဟိမဝန္တာ တောင်တွေမှာရှိတဲ့ တောရိုင်းပျားအုံတွေကနေ ပျားရည်စုဆောင်းနေတဲ့ ပုံပါ။
အခုလို အန္တရာယ် များလှတဲ့ ဟိမဝန္တာ တောင်တွေအကြားရှိ တောရိုင်းပျားအုံတွေ ကနေ ပျားရည်စုဆောင်းတာဟာ နီပေါနိုင်ငံအလယ်ပိုင်းရှိ Gurung လူမျိုးစုတွေရဲ့ ရှေးရိုးရာ ထုံးတမ်း အစဉ်အလာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တနှစ်ကို ၂ ကြိမ် ရိုးရာမပျက် စုဆောင်းလေ့ ရှိပါတယ်။
အခုလို ကမ္ဘာ့အကြီးဆုံး တောရိုင်း ပျားအုံတွေက ပျားရည်တွေကို ကျောက်တောင် တက်သမားတွေလို စွန့်စွန့်စားစားနဲ့ စုဆောင်းနေတာဟာ တကယ့်ကို အံ့ဖွယ် တခုပါ။
တောရိုင်းပျားတွေဟာ သူတို့ရဲ့ အုံတွေကို တောင်ကမ်းပါးရံတွေမှာ စောက်ထိုး တွဲလောင်း ပြုလုပ်ထားတဲ့အတွက် ပျားရည် စုဆောင်း သူတွေအတွက် အတော်လေးကို ခက်ခဲပြီး အန္တရာယ်လည်း အလွန်များပါတယ်။
ဒီလို အန္တရာယ်များတဲ့ အလုပ်ကို လုပ်ဆောင်ဖို့ ဆိုတာ တော်ရုံ Skill နဲ့တော့ ရဖို့ မလွယ်ကူပါဘူး။ Gurung လူမျိုးစုတွေ အနေနဲ့ ဒီလုပ်ငန်းကို မျိုးဆက်တခုပြီးတခု လက်ဆင့် ကမ်းလာခဲ့တာ နှစ်ပေါင်းရာချီ ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ အခုဆိုရင် တောင်တွေမှာ တောရိုင်း ပျားရည် စုဆောင်းသူတွေဟာ တနှစ်ထက်တနှစ် အရေအတွက် နည်းပါးလာပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ အများစုဟာ သူတို့ရဲ့ အိမ်တွေမှာ ကိုယ်တိုင် ပျားတွေကို မွေးမြူပြီး ပျားရည် စုဆောင်းလာကြလို့ ဖြစ်ပါတယ်။ ဒီနည်းဟာ လုံခြုံမှုလည်းရှိ အကျိုးအမြတ်လည်း ရှိတယ်လို့ ဆိုပါတယ်....။
ref;oddstuffmagazine
- (အရှေ့သို့) "ဒုတိယ ကွန်ဂိုစစ်ကပေးတဲ့ သင်ခန်းစာ" Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောက်သို့) ကမ္ဘာ့အကြီးဆုံး စွန့်ပစ်အမှိုက်ပုံများ... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း