မိမိကိုယ်ကို ဆန်းစစ်ခြင်း...
လူငယ်တစ်ဦးသည် စတိုးဆိုင် တစ်ဆိုင်သို့သွားပြီး ဆိုင်ပိုင်ရှင်ထံမှ ဖုန်းတောင်းဆက်သည်။ ထို့နောက် တယ်လီဖုန်းကိုယူကာ တစ်စုံတစ်ဦးထံ ဆက်သွယ်လိုက်သည်။ စတိုးဆိုင်ပိုင်ရှင် အမျိုးသားသည် လူငယ် ဖုန်းပြောနေသည်ကို စိတ်ဝင်တစားနှင့် နားထောင်နေခဲ့သည်။
လူငယ် ဖုန်းခေါ်စဉ် အခြားတစ်ဖက်မှ အမျိုးသမီးတစ်ဦး ဖုန်းလာကိုင်သည်။
(ဖုန်းလက်ခံသူ)- "ဟလို! အမိန့်ရှိပါရှင်..."
(လူငယ်)- "ဟုတ်ကဲ့ အန်တီ... ကျွန်တော့်ကို အန်တီတို့ရဲ့အိမ်မှာ မြက်ဖြတ်တဲ့ အလုပ်ကလေး တစ်ခုလောက်ပေးပါလား...?"
(ဖုန်းလက်ခံသူ)- “အန်တီ့အိမ်မှာ မြက်ဖြတ်တဲ့အလုပ်သမား ရှိနေပါပြီ... မလိုတော့ပါဘူးကွယ်..."
(လူငယ်)- "အန်တီ့အိမ်မှာ အခု ငှားထားတဲ့သူရဲ့ စျေးနှုန်းတစ်ဝက်ပဲ ကျွန်တော် ယူပါ့မယ်..."
(ဖုန်းလက်ခံသူ)- "နေပါစေတော့ကွယ်... အခု လက်ရှိ မြက်ဖြတ်သမားကိုပဲ အန်တီတို့ သဘောကျပါတယ်..."
(လူငယ်လည်း ဇွဲမလျှော့)- "နောက်ပြီး အန်တီတို့ရဲ့ ခြံဝန်းတစ်ခုလုံးနဲ့ လမ်းဘေးတွေပါမကျန် ကျွန်တော် တံမျက်စည်း လှည်းပေးပါ့မယ်..."
(ဖုန်းလက်ခံသူ)- "မလိုတော့ပါဘူးကွယ်... ကျေးဇူးတင်ပါတယ်..."
လူငယ်က ပြုံးပြီး ဖုန်းချလိုက်သည်။
ဖုန်းစကားပြောနေသည်ကို အစအဆုံး နားထောင်နေသည့် စတိုးဆိုင်ပိုင်ရှင်က လူငယ်ထံသို့ သွားပြီး...
"မင်းရဲ့ စိတ်နေသဘောထားကို အန်ကယ် အရမ်းသဘောကျတယ်... ဒီလို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ကို အန်ကယ် နှစ်သက်တယ်... အန်အယ် မင်းကို အလုပ်တစ်ခုလောက် ကမ်းလှမ်းချင်တယ်...”
"မယူတော့ပါဘူး အန်ကယ်... ကျေးဇူးတင်ပါတယ်..." လူငယ်က ဆိုသည်။
စတိုးဆိုင်ပိုင်ရှင်က “ဒါပေမယ့် အန်ကယ်က မင်းကို တကယ်ပဲ မျက်စိကျနေတယ်...”
ဒီအခါ လူငယ်က "ကျေးဇူးတင်ပါတယ် အန်ကယ်... ကျွန်တော့်မှာ ရှိပြီးသား အလုပ်အပေါ် ကျွန်တော့်ရဲ့ လုပ်ရည်ကိုင်ရည်တွေကို သိချင်လို့ အခုလို စစ်ဆေးခဲ့တာပါ... ကျွန်တော် ဖုန်းပြောခဲ့တဲ့ အမျိုးသမီးက ကျွန်တော် အခုလုပ်နေတဲ့ အလုပ်ရဲ့ ပိုင်ရှင်ပါ..."
(ဤသည် မိမိကိုယ်ကို မိမိ ပြန်လည်ဆန်းစစ်ခြင်းပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြားသူတွေရဲ့ ရှေ့ကို မရောက်တဲ့အခါ အဲဒီအတွက် သူတို့ကို အပြစ်တင်တတ်ကြပါတယ်။ တစ်ကယ်ဆိုရင် ကျွန်တော်တို့ဟာ မိမိတို့ကိုယ်ကို မိမိတို့ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ နှိုင်းယှဉ်မှုတွေ လုပ်သင့်ပါတယ်။ ကိုယ်ပိုင် အားနည်းချက်တွေကို ရှာဖွေဖော်ထုတ်သင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါ အားနည်းချက်တွေကို ဖယ်ရှားပစ်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်...။)
@moral_stories
- (အရှေ့သို့) ဇတ်သိမ်းပိုင်း... ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောက်သို့) ဂြိုလ်မှားပြီး ရောက်လာတာ... ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် Acer Aspire E1-510P-2671 Laptop Review Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ကမ္ဘာပေါ်ရှိ ထူးဆန်းသတ္တ၀ါများ...လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်