ကာရေဘီယံက အချစ်အက္ခရာများ...
၁၉၀၇ ခုနှစ်လောက်က အဖြစ်အပျက်လေး တစ်ခုပါ။ David Hurd ဆိုတဲ့ လူငယ်တစ်ယောက် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဂျမေကာကနေ နယူးယောက်မြို့ကို ပြောင်းရွှေ့ခဲ့တယ်။ ဇာတိမြေနဲ့ မခွဲခွာဖူးတဲ့ လူငယ်တစ်ယောက်အဖို့ သိပ်တော့ မလွယ်ကူလှဘူး။ David ဟာ သူ့ရဲ့ဇာတိမြေနဲ့ သူငယ်ချင်း အပေါင်းအဖော်တွေကို ဆိုးဆိုးရွားရွား လွမ်းဆွတ်နေခဲ့တယ်။ အဲဒီစိတ်တွေကို မေ့ပျောက်ဖို့ အာရုံပြောင်းတဲ့အနေနဲ့ သူနဲ့ စာပေးစာယူလုပ်နိုင်မယ့် မိတ်ဆွေတစ်ယောက်ကို သူ ရှာဖွေခဲ့တယ်။ အဲဒီအချိန်က ယခုလို အိုင်တီခေတ်မဟုတ်တော့ စာနဲ့ဆက်သွယ်ရုံမှတစ်ပါး အခြားနည်းလမ်း မရှိ။
မကြာခင်မှာပဲ သူနဲ့ စာအဆက်အသွယ်ပြုလုပ်ဖို့ စိတ်ဝင်စားတဲ့ ကာရေဘီယံ က Avril Cato ဆိုတဲ့ အမျိုးသမီးတစ်ဦးကို သူ တွေ့ခဲ့တယ်။
သူတို့နှစ်ယောက် စာတွေနဲ့ အပြန်အလှန် အဆက်အသွယ်လုပ်ရင်း တစ်ဦးကိုတစ်ဦး ရင်းနှီး ကျွမ်းဝင်းလာကြတယ်။ ၁ နှစ်အကြာမှာတော့ သူတို့နှစ်ယောက် အပြင်မှာ တစ်ခါမှမတွေ့ဖူးကြဘဲ တစ်ဦးကိုတစ်ဦး မေတ္တာမျှလာကြတယ်။ ၇ နှစ်အကြာမှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် အပြင်မှာ တွေ့ဆုံခဲ့ကြတယ်။ မကြာခင်မှာပဲ David က Avril ကို လက်ထပ်ခွင့် တောင်းတယ်။ အဲဒီနောက် သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပြီး ကလေး ၆ ယောက် ထွန်းကားခဲ့တယ်.....။
@Love_stories
- (အရှေ့သို့) "Geneva Convention..." ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ
- (အနောကျသို့) "Google..." ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ