Cowboy...
ခရီးသွား ကောင်းဘွိုင်တယောက် မြင်းစီးပြီး မြို့တစ်မြို့ထဲ ဝင်လာသည်။ ထို့နောက် အရက်သောက်ရန် ဘားဆိုင်တခုတွင် ရပ်လိုက်သည်။ မြင်းကို ဆိုင်အပြင်ဘက် သစ်ပင်တပင်တွင် ချည်ထားလိုက်သည်။
အရက်သောက်ပြီးလို့ ဆိုင်မှထွက်လာစဉ် သူ၏မြင်း အခိုးခံရသည်ကို သိလိုက်ရသည်။ ထို့နောက် ဒေါသထွက်ကာ သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီး ဘားဆိုင်ထဲသို့ ပြန်ဝင်သွားသည်။
"ဘယ်ကောင် ကျုပ်မြင်းကို ခိုးတာလဲကွ...!" ဒေါသတကြီးနဲ့ အော်လိုက်သည်။
ဆိုင်ထဲက လူအားလုံး တိတ်ဆိတ်နေပြီး ဘယ်သူမှ မပြောရဲကြ။
"ကောင်းပြီလေ... ကျုပ်အခု နောက်ထပ် အရက်တခွက် ထပ်သောက်မယ်... သောက်ပြီးလို့မှ ကျုပ်မြင်း ပြန်မရောက်လာရင် ကျုပ် တခြားမြို့မှာ လုပ်ခဲ့တဲ့အတိုင်း လုပ်ပြမယ်... ကျုပ် အဲဒီလို မလုပ်ချင်လို့ ခင်ဗျားတို့ကို သတိပေးနေတာ..."
ဒေသခံတွေလည်း စိတ်မချမ်းမသာ ဖြစ်နေကြသည်။ မြင်းကို မရရအောင် လိုက်ရှာကြသည်။ သူ့စကားအတိုင်း အရက်သောက်ပြီးလို့ ပြန်ထွက်လာစဉ် လူတယောက်က သူ့မြင်းကို ပြန်ပေးလိုက်သည်။
ကောင်းဘွိုင်သည် မြင်ပေါ်တက်ပြီး မြို့ပြင်ကို မောင်းထွက်မည်ပြုစဥ် အရက်သမားတယောက် ဆိုင်ထဲက ပြေးထွက်လာပြီး မေးလိုက်သည်။
"ဒါနဲ့ နေပါဦး မိတ်ဆွေကြီး... တခြားမြို့မှာ မြင်းပျောက်တုန်းက ခင်ဗျား ဘာတွေလုပ်ခဲ့လို့လဲ...?"
ကောင်းဘွိုင်က မြင်းကို ပြန်လှည့်လာပြီး ပြောလိုက်သည်။
"အိမ်ကို လမ်းလျှောက် ပြန်ခဲ့ရတာပေါ့ဗျာ..."








- (အရှေ့သို့) ဖတ်မရဘူး... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောက်သို့) ဘိုလီးဗီးယားက Cholitas အမျိုးသမီး နပန်းသမားများ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း