စာလုံးအရွယ်အစား ပြောင်းရန်...

Albino (ခေါ်) အာဖရိကန်လူဖြူ....

Monday, February 22, 2016
အာဖရိကမှ Albino ခေါ် မွေးရာပါ တကိုယ်လုံး ဖွေးဖွေးဖြူနေတဲ့ အာဖရိကန် လူမျိုးတွေကို ပုံတွေမှာ တွေ့ရမှာပါ... လူမည်းတွေ ကြားထဲမှာ ဒီလို ထူးထူးခြားခြား တကိုယ်လုံး ဖြူနေ တာဟာ သူတို့အတွက် အန္တရာယ် အလွန်များတယ်လို့ သိရပါတယ်...

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေဟာ ချမ်းသာကြွယ်ဝမှုတွေ... ကံကောင်းခြင်းတွေ ဖြစ်စေတယ်လို့ အာဖရိကန် လူမည်းတွေက ယုံကြည်ထားကြလို့ပါ...

တံငါသည်တွေ ဆိုရင်လည်း သူတို့ရဲ့ ငါဖမ်း ပိုက်ကွန်တွေကို Albino လူဖြူတွေရဲ့ ဆံပင်တွေနဲ့ ပြုလုပ် ထားကြပါတယ်.... အဲဒီလို လုပ်ထားခြင်းအားဖြင့် ငါဖမ်းတဲ့အခါ ငါတွေ အမြောက်အများ ရတယ်လို့ ယုံကြည် ထားကြ လို့ပါ...

ပြီးခဲ့တဲ့ ၆ လအတွင်းက လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေ အပါအ၀င် Albino လူဖြူ ၁၅ ဦးခန့် တိုက်ခိုက် ခံခဲ့ရပါတယ်... အချို့ဟာ သူတို့ရဲ့ ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေ ဖြတ်တောက်ခံရပြီး... အချို့မှာတော့ သတ်ဖြတ်တာ ခံခဲ့ရပါတယ်...

သတ်ရ၊ ဖြတ်ရတာကို သဘောတွေ့တဲ့ သူတွေအတွက်လည်း စီးပွားရေး ဈေးကွက်လို ဖြစ်နေပါတယ်... အာဖရိကန် လူဖြူတွေရဲ့ ခန္ဒာကိုယ် တခုလုံးဆိုရင် £50,000 ဈေးပေါက်ပြီး ခြေလက်အဂါင်္ အစိတ် အပိုင်းတွေ ဆိုရင်တော့ ထောင်ဂဏန်းလောက် ရတယ်လို့ သိရပါတယ်...

ယခုနှစ် ၂၀၁၅ မေလ အတွင်းကလည်း တန်ဇန်နီးယား (Tanzania)မှာ Albino အာဖရိကန် လူဖြူ အမျိုးသမီးငယ် တစ်ဦးရဲ့ လက်မောင်းကို လူတစ်က ခုတ်ဖြတ်သွားတယ် ဆိုတဲ့ သတင်းကို Dailymail သတင်းတပုဒ်မှာ ဖတ်ရှုလိုက်ရပါတယ်.... ဒါဟာ ရာနဲ့ချီတဲ့ အဖြစ်အပျက်တွေထဲက တခုပါ...

ဒီလို အာဖရိကန် လူမည်းတွေရဲ့ မှားယွင်းတဲ့ ယုံကြည်မှုတွေကြောင့် အထူးသဖြင့် တန်ဇန်နီးယား (Tanzania) နဲ့ ဘူရန်ဒီ (Burundi) နိုင်ငံတွေမှာ Albino အာဖရိကန် လူဖြူတွေဟာ အယူသီး လူမည်းတွေရဲ့ လိုက်လံရှာဖွေ ဖမ်းဆီး သတ်ဖြတ်မှုတွေကို နေ့စဉ် ရင်ဆိုင်နေရပါတယ်...

သက်ဆိုင်ရာ အစိုးရတွေကလည်း ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်... albino လူဖြူတွေကို တိုက်ခိုက်တဲ့သူတွေကို ဖမ်းဆီးရမိရင် ပစ်သတ်ဖို့ မော်လဝီ(Malawi) တခွင်ရှိ ရဲတွေကို အစိုးရက ပစ်မိန့်ပေးထားပါတယ်... ဒါ့အပြင် တန်ဇန်နီးယား အစိုးရကလည်း albino လူဖြူတွေရဲ့ ကိုယ်အဂါင်္အစိတ်အပိုင်းတွေနဲ့ တွေ့ရှိတဲ့ မည်သူကိုမဆို အရှင်မထားဖို့ သူ့ရဲ့နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်....

အယူသီး အာဖရိကန် လူမည်းတွေ ဘေးအန္တရာယ်က ကင်းဝေးအောင် UN အဖွဲ့အစည်းများ၊ အခြား အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေရှိ ဌာနဆိုင်ရာတွေက albino အာဖရိကန် လူဖြူတွေအတွက် ပညာရေးအပါအ၀င် နေရာထိုင်ခင်းတွေ စီစဉ်ပေးပြီး ကာကွယ်စောင့်ရှောက် ပေးထားရတယ်လို့ ဆိုပါတယ်...။


ကိုမျိုး
ref:dailymail/wikipedia/Samir 4one
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
comments powered by Disqus

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...