လူဆိုး...
ေဒါသထွက်နေတဲ့ ဇနီးသည်ဟာ အပြင်မှာ ရောက်နေတဲ့ ခင်ပွန်းဖြစ်သူကို ဖုန်းဆက်ပြီး... "ရှင်က အခု ဘယ်နေရာမှာ သွားပြီး အလေလိုက် နေတာလဲ?"... လို့ မေးလိုက်တယ်...
ခင်ပွန်းသည်က လေသံ ခပ်အေးအေးနဲ့..."ဟေး ဟန်နီ!!! ဟိုတစ်နေ့ကလေ မင်း မြင်ပြီး သဘောကျတယ်လို့ ပြောတဲ့ စိန်လည်ဆွဲလေးလေ... အေး! အဲဒီ ရွှေဆိုင်ကို မှတ်မိသေးလား?...
ခင်ပွန်းသည် စကားကြောင့် ဒေါသအရှိန် အနည်းငယ် လျော့ကျသွားတဲ့ ဇနီးသည်က..."အင်းး! မှတ်မိတာပေါ့... ဒါလင်!!!"...
"အေးး... အဲဒီနေ့က မင်းအတွက် ဝယ်ပေးမလို့ ကိုယ့်မှာ ပိုက်ဆံ မရှိဘူးလေ..." ခင်ပွန်းသည်က ဆက်ပြီး... "ပြီးတော့ တစ်နေ့ကျရင် ဝယ်ပေးမယ်လို့ ကိုယ်ပြောခဲ့ တာလေ... မှတ်မိသေးတယ်... ဟုတ်"
ဒီတစ်ခါတော့ ဇနီးသည်ဟာ ဒေါသအရှိန် လုံးဝ လျော့ကျသွားတယ်... ပြီးတော့ မျက်နှာပေါ်မှာလည်း အပြုံးနဲ့ ရှက်သွေးဖြန်းနေပြီး... "အင်းးး! မှတ် မိ ပါ တယ် ဆို... ချစ်ကလည်း..."
ဒီအခါ ခင်ပွန်းဖြစ်သူက..." အေးး ဟုတ်ပီ... ကိုယ် အဲဒီဆိုင်ရဲ့ဘေးက ဘီယာဆိုင်မှာ ရှိနေတယ်...."။
လွမ်းမပြေ သုတရပ်ဝန်း
- (အနောက်သို့) သတိထားရမည့် Dry Drowning နှင့် Secondary Drowning... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...