Greeting is life...
အမျိုးသမီးကြီး တစ်ဦးဟာ အသားစိမ်းတွေ ဖြန့်ဖြူးရောင်းချတဲ့ စက်ရုံတစ်ရုံမှာ အလုပ်လုပ်တယ်... တနေ့မှာတော့... ညနေပိုင်း အလုပ်ဆင်းတဲ့အချိန် လေ့လာလိုတဲ့စိတ်နဲ့ စက်ရုံထဲက အသားစိမ်းတွေ အအေးရိုက်ထားတဲ့ အခန်းထဲကို ဝင်သွားလိုက်တယ်... ကံမကောင်းခြင်တော့ အထဲရောက်ပြီး ခဏအကြာမှာ အအေးခန်း တံခါးကြီးက ပိတ်နေကျ အချိန်အတိုင်း ပိတ်သွားတယ်... အအေးခန်းကြီးထဲမှာ တယောက်ထဲ ပိတ်မိနေပြီး တံခါးကို အားကုန်ထု အသံကုန် အော်ဟစ်ပြီး အကူအညီ တောင်းပေမဲ့လည်း တောင်းလို့ မရတော့ဘူး... အပြင်က အသံကိုလည်း အထဲက မကြားနိုင်သလို အထဲက အသံကိုလည်း အပြင်ဘက်က မကြားရတဲ့ အခြေအနေ ဖြစ်နေတယ်...
ဒီလိုနဲ့... အအေးခန်းထဲမှာ ၅ နာရီ ကြာပြီးတဲ့နောက် အအေးဒဏ်နဲ့ သေလုမျောပါး ဖြစ်နေချိန်မှာ စက်ရုံအစောင့် တစ်ယောက်က တံခါးကို လာဖွင့် လိုက်တယ်... ကံကောင်းထောက်မစွာနဲ့ အမျိုးသမီးကြီးလည်း အသက်ဘေးကနေ လွတ်မြောက်သွားတယ်...
နောက်ရက်မှာတော့... အမျိုးသမီးကြီးက စက်ရုံစောင့်ကို...
"လာနေကျ နေရာ မဟုတ်ဘဲနဲ့ အအေးခန်း တံခါးကို ဘယ်လိုဘယ်ပုံ လာဖွင့်ခဲ့ တာလဲရှင်" လို့ တအ့ံတသြ မေးလိုက်တယ်...
ဒီအခါမှာ စက်ရုံစောင့်က....
"ကျုပ် ဒီစက်ရုံမှာ အလုပ်လုပ်နေတာ ၃၅ နှစ် ရှိပါပြီ... ရာနဲ့ချီတဲ့ အလုပ်သမားတွေ စက်ရုံထဲကို နေ့စဉ် အဝင်အထွက် လုပ်နေကြတယ်... မနက်ပိုင်း အလုပ်လာချိန်နဲ့ ညနေပိုင်း အလုပ်ဆင်းချိန်တွေမှာ ကျုပ်ကို နေ့စဉ် နှုတ်ဆက်တာဆိုရင် ခင်ဗျားအပါအဝင် အလုပ်သမား အနည်းငယ်သာ ရှိပါတယ်... အများစုကတော့ ကျုပ်ကို မမြင်ဟန်ဆောင် သွားကြတယ်... အဲဒီနေ့မနက်က ခင်ဗျား အလုပ်လာတဲ့ အချိန်ကလည်း ထုံးစံအတိုင်း ကျုပ်ကို "Hello" လို့ နှုတ်ဆက်ပြီး စက်ရုံထဲ ဝင်သွားတယ်... ဒါပေမယ့် ညနေပိုင်း အလုပ်ဆင်းတော့ ခင်ဗျား ကျုပ်ကို နှုတ်ဆက်နေကျ "Bye, see you tomorrow" ဆိုတာကို မကြားလိုက်ရတော့ အရမ်း ထူးဆန်းနေပြီး သိချင်စိတ် ဖြစ်သွားတယ်... ခင်ဗျားဆီကနေ နှုတ်ဆက် စကားကို ကြားခြင်နေတယ်... ဒီလိုကြားရတာဟာ ကျုပ်အတွက် ခွန်အားဖြစ်တယ်... ကျုပ်ဟာ လူထဲက လူ တစ်ယောက် ဖြစ်တယ် ဆိုတာကို ကျုပ်ကို အသိပေးနေသလို ဖြစ်တယ်... ဒါနဲ့ ခင်ဗျားကို စက်ရုံနားတဝိုက် လိုက်ပတ် ရှာတယ်... မတွေ့ဘူး... နောက်ဆုံး ခင်ဗျား တခုခု ဖြစ်နေတယ် ထင်ပြီး နေရာအနှ့ံ ရှာဖွေ ခဲ့တာပါပဲ...." လို့ ရှင်းပြလိုက်ပါတယ်....။
(ကျနော်တို့ အနီးအနားမှာ ရှိနေတဲ့သူတွေ... ကျနော်တို့ အနားကနေ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ သူတွေ... ကျနော်တို့ အလုပ်ခွင် ထဲမှာ ရှိနေတဲ့ သူတွေကို လူတန်းစားမရွေး အခွင့်သာတိုင်း နှုတ်ဆက် စကားပြောဖို့ ဝန်မလေးပါနဲ့... အနည်းဆုံးတော့ အပြုံးနဲ့ နှုတ်ဆက်ပါ... ဘဝဆိုတဲ့ အချိန်ဟာ အလွန် တိုတောင်းပါတယ်... မနက်ဖြန်ဟာ ကျနော်တို့အတွက် ဘာတွေ ယူဆောင် လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး...)
"Be humble, Love, and Respect....!"
Ref:nairajokes
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)
- (အရှေ့သို့) ဖေ့စ်ဘွတ်(Facebook)ပေါ်က "Poke" အကြောင်း... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) Save Pangolins! Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review