Lie detector robot...
တစ်နေ့မှာ လူတစ်ယောက်ဟာ အလိမ်ဖော်တဲ့ စက်ရုပ်တစ်ရုပ် ဝယ်လာတယ်... ဒီစက်ရုပ်ရဲ့ လုပ်ဆောင်ချက်က အမှန်အတိုင်း မပြောပဲ လိမ်ညာပြီး ပြောတဲ့ သူတွေကို ပါးရိုက်ပြီး ဒဏ်ခတ်တယ်...
ဒီလိုနဲ့ သူဟာ မိသားစု စုံလင်တဲ့ ညစာစားတဲ့ အချိန်မှာ သားဖြစ်ကို စမ်းသပ်ဖို့ ဆုံးဖြတ် လိုက်တယ်... "ငါ့သား! မင်း မနေ့ညက ဘယ်ကို သွားသလဲ?"
"ကျွန်တော် စာကြည့်တိုက်မှာ ရှိပါတယ် ဖေဖေ "... လို့ ပြန်ဖြေလိုက်တဲ့ အချိန်မှာ စက်ရုပ်က သူ့ကို ပါးဖြတ်ရိုက် လိုက်တယ်...
ဒါနဲ့ သားဖြစ်သူလည်း... "ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်မှာပါ" ဆိုပြီး ဝန်ခံလိုက်ရတယ်...
"ဘာသွားလုပ်တာလဲ" လို့ အဖေက ဆက်ပြီး မေးလိုက်တဲ့အခါ သားဖြစ်သူက... "Toy Story ကာတွန်းကား သွားကြည့်တာပါ" လို့ ဖြေလိုက်တယ်... ဒီတစ်ခါလည်း စက်ရုပ်က သူ့ကို ပါးဖြတ်ရိုက် လိုက်ပြန်တယ်...
ဒါနဲ့ သားဖြစ်သူလည်း ကြောက်ကြောက်နဲ့ ဝန်ခံလိုက်ရပြန်တယ်..." လူကြီးကား (Porn) သွားကြည့်တာပါ"
"ဘာကွ!!! ငါ မင်းအသက် အရွယ်လောက်က Porn ဆိုတာ ဘာမှန်းတောင် မသိသေးဘူး" လို့ ဆိုပြီး အဖေဖြစ်သူက ဒေါသတကြီး ပြောလိုက်တယ်... ဒီအချိန်မှာ စက်ရုပ်က သူ့ကိုပါ ပါးဖြတ်ရိုက် လိုက်တယ်...
ဒါကို မြင်ပြီး ဇနီးဖြစ်သူက ရယ်ရယ်မောမောနဲ့..."အဲဒါ ရှင့်သားပဲလေ!!!" ဆိုပြီး ပြောလိုက်ချိန်မှာ ဒီတစ်ခါ ဇနီးသည်ပါ အရိုက်ခံရလေ သတည်း....။
Ref:internet
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) A Gift of Love... Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) လူဆိုး... Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...