Don't judge people before you truly know them...

အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ ဖခင်ဖြစ်သူတို့ ရထားစီးပြီး ခရီးသွားနေကြတယ်...

လူငယ်ဟာ ရထားပြူတင်းပေါက်ကနေ သူ မြင်တွေ့နေသမျှ အရာတွေကို အဖေဖြစ်သူကို အသံအကျယ်ကျယ်နဲ့ အော်ပြီး ပြောနေတယ်... 

"အဖေရေ့!!... ဟိုးမှာကြည့်ပါအုံး သစ်ပင်တွေက အနောက််မှာ သွားနေကြတယ်..." 

ဒီအချိန်မှာ ဖခင်ဖြစ်သူက သားကိုကြည့်ပြီး ပြုံးနေတယ်... ဒါပေမယ့် အနီးအနားမှာ ထိုင်နေတဲ့ ခရီးသွား စုံတွဲတစ်တွဲက အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လူငယ်ရဲ့ ကလေးဆန်တဲ့ အပြုအမူကို စိုက်ကြည့်နေကြတယ်... ရုတ်တရက်ဆိုသလိုပဲ လူငယ်က သူ့အဖေကို အသံအကျယ်ကြီးနဲ့ အော်ပြီး ပြောလိုက်ပြန်တယ်... 

"အဖေ!!... ဟိုးအပေါ်က တိမ်တွေကိုလည်း ကြည့်ပါအုံး ကျနော်တို့နဲ့အတူ လိုက်ပြေးနေကြတယ်..."

ခရီးသွားစုံတွဲလည်း ဆူညံနေတာကို သည်း မခံနိုင်တော့ပဲ လူငယ်ရဲ့ဖခင်ကို... "ခင်ဗျားရဲ့သားကို ဘာဖြစ်လို့ ဆရာဝန် ကောင်းကောင်းနဲ့ သွားမပြရတာလဲ..." လို့ ဆိုပြီး မေးလိုက်တယ်...

ဒီအခါ လူငယ်ရဲ့ဖခင်က ပြုံးပြီးတော့... "သူ့ကို ဆရာဝန်နဲ့ ပြခဲ့ပြီးပါပြီ.. အခုလေးတင်ပဲ ဆေးရုံကနေ ပြန်လာကြတာပါ... ကျနော့သားက မွေးကတည်းက မျက်စိမမြင်ရပါဘူး... ဒီနေ့မှ သူ့မျက်လုံးတွေ စပြီး မြင်ရတာပါ..." လို့ ပြန်ဖြေလိုက်တယ်....။

(လူတိုင်းလူတိုင်းမှာ ကိုယ်စီဘဝ ရှိနေကြလို့ သူတို့အကြောင်းကို ခရေစေ့တွင်းကျ မသိသေးပဲ အပြင်ပန်းအားဖြင့် ကြည့်ပြီး အကဲမဖြတ်လိုက်ပါနဲ့.... သူတို့ရဲ့ ဘဝအမှန်ကို သင် သိလိုက်ရတဲ့ အချိန်မှာ သေချာပေါက် အံ့သြမိမှာပါ....)



လွမ်းမပြေ သုတရပ်ဝန်း 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...