Stay in touch with your parents...

အဖွားအိုဟာ သူ့မရဲ့ ဖုန်းတစ်လုံးကို ဖုန်းပြင်ဆိုင်ကို ယူသွားပြီး... "အမေ့ဖုန်းလေးကို တဆိတ်လောက် ကြည့်ပေးပါလား သားရယ်..." လို့ ဖုန်းပြင်ဆရာ ကို ပြောလိုက်တယ်... 

ဖုန်းပြင်ဆရာက အဖွားအိုရဲ့ ဖုန်းကို စစ်ဆေး ကြည့်ပြီးတဲ့အခါ... "အမေ့ဖုန်းက ဘာမှလည်း မဖြစ်ပါလား..." လို့ ပြန်ပြော လိုက်တယ်... 

ဒီအခါ အဖွားအိုက မျက်နှာညှိးငယ်စွာနဲ့... "ဒါဆိုရင် အမေ့ရဲ့ သားသမီးတွေက ဘာဖြစ်လို့ အမေ့ကို ဖုန်းမဆက်ကြတာလဲ..." လို့ ပြောပြီး ဆိုင်ထဲကနေ ငြိမ်သက်စွာ ပြန်ထွက်လာခဲ့တယ်...။

(အဝေးမှာ ရှိနေကြတဲ့ သက်ကြီးရွယ်အို မိဘတွေကို အမြဲတမ်း အဆက်အသွယ် လုပ်ပါ...)




လွမ်းမပြေ သုတရပ်ဝန်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...