ကလေးများတွင် ဖြစ်ပွားတတ်သော မြင်လွှာကျိတ်ရောင်ခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါဖြစ်



ကလေးငယ်များတွင် ဖြစ်တတ်သော မြင်လွှာကျိတ်ရောင်ရောဂါ Retinoblastoma သည် ကင်ဆာအကျိတ်တစ်မျိုးဖြစ်ပြီး မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ကြောင်း အမိ သို့မဟုတ် အဖတွင် မြုံနေသော မြင်လွှာကျိတ်ရောင် ရောဂါဗီဇများရှိပါက အဆိုပါကလေးတွင် မြင်လွှာကျိတ်ရောင်ရောဂါ ဖြစ်တတ်သည်။ မြင်လွှာကျိတ်သည် တစ်ခုထက်ပို၍ဖြစ်ပေါ်နိုင်ပြီး မျက်လုံးနှစ်ဖက်လုံးတွင် ဖြစ်ပေါ်နိုင်ပါသည်။

မြင်လွှာကျိတ်ရောင်ရောဂါဖြစ်ပေါ်နေသော ကလေးများတွင် အနည်းငယ်ကိုသာ မွေးလျင်မွေးချင်း ရောဂါလက္ခဏာသိမြင်နိုင်ပြီး အချို့မှာ အသက် ၁၂-လမှ ၁၈-လအတွင်း သတိထားမိကြသည်။ ရောဂါခံစားရသော ကလေးအများစုသည် စနစ်တကျကုသပါက ပုံမှန်အမြင်စွမ်းအား ပြနလည်ရရှိလေ့ရှိသည်။ မြင်လွှာကျိတ်ရောင်ရောဂါဖြစ်ပွားသူများ၏ ၆၀-ရာခိုင်နူန်းမှာ မျိုးရိုးလိုက်သူများ မဟုတ်ကြချေ။ ၎င်းတို့သည် မျက်လုံးတစ်ဖက်တွင်သာဖြစ်လေ့ရှိပြီး ပုံမှန်စစ်ဆေးကုသမူခံယူလျှင် ပျောက်ကင်းနိုင်သည်။ ရောဂါပျောက်ကင်းသည့်တိုင် ကလေးအသက် ၅-နှစ်အထိ မကြာခဏစမ်းသပ်စစ်ဆေးသင့်သည်။

MN (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...