နည်းပညာသစ်တွေ အသုံးပြုပြီး ပျောက်ဆုံးမလေးလေယာဉ် ရှာဖွေ
ရှာဖွေရေးယာဉ်ဟာ အလားတူဖြစ်ရပ်မျိုး အတွေ့အကြုံရှိပြီး ၂၀၁၁ ခုနှစ်က ဘရာဇီးကမ်းလွန်မှာ ပျက်ကျပျောက်ဆုံးခဲ့တဲ့ ပြင်သစ်လေကြောင်းလိုင်းကို ရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။
ရေယာဉ်ဟာ ဘက်ထရီနဲ့ အလုပ်လုပ်တာဖြစ်ပြီး အရှည် ၄ မီတာ အကျယ် မီတာဝက်လောက်ပဲရှိပါတယ်။ ၈၈၀ ကီလိုအလေးချိန်ရှိပြီး ရေအောက်မှာ ၂၂ နာရီကြာ အလုပ်လုပ်နိုင်တယ်တာလည်းဖြစ်ပါတယ်။
ရေယာဉ်ရဲ့ အင်ဂျင်နီယာတဦးဖြစ်တဲ့ မာရှယ် ရောသန်ဘတ် က ၁ ရက်ကို စတုရန်းကီလိုမီတာ ၅၀ လေ့လာရှာဖွေရေး လုပ်နိုင်တာကြောင့် ရှာဖွေရေးယာဉ် ၃ စီးဆိုရင် ဧရိယာ ၁၅၀ စတုရန်း ကီလိုမီတာကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တောင်းဆိုလာရင် အဆင်သင့်ပါပဲလို့ ပြောဆိုခဲ့ပါတယ်။ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေနေတဲ့ နိုင်ငံစုံအဖွဲ့တွေဟာ သြစတြေးလျနိုင်ငံနဲ့ ပိုနီးတဲ့ ရှာဖွေရေးဇုန်သစ်မှာ မတ်လ ၂၇ ရက်နေ့ကတည်းက ပြောင်းလဲရှာဖွေနေကြပါတယ်။
အမေရိကန်နိုင်ငံကလည်း လေယာဉ်ရဲ့ မှတ်တမ်းသေတ္တာ Blackbox ကို ရှာဖွေနိုင်တဲ့ ကိရိယာတခုကို ပေးပိုထားပါတယ်။ Blackbox ကို ရှာဖွေလို့လွယ်ကူအောင် အချက်အလက်တွေ လွှင်ထုတ်နိုင်ဖို့ တပ်ဆင်ထားတဲ့ ဘက်ထရီဟာ ၁ လ သက်တမ်းပဲရှိတာကြောင့် အချိန် မကျန်တဲ့ အခြေအနေဖြစ်နေပါတယ်။
DVB News
- (အရှေ့သို့) မေလမှာ မင်္ဂလာဆွမ်းကျွေးပွဲ လုပ်မယ့် ဒေါက်တာ အောင်မျိုးသူနဲ့ လှမျိုးသဉ္ဇာနွယ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...