လာမည့်ပညာသင်နှစ်မှစပြီး ကျောင်းချိန်အတွင်း မွန်စာသင်မည်
မွန်စာပေကိုလာမည့် ၂၀၁၄-၁၅ ပညာသင်နှစ်မှစပြီး မွန်လူမျိုးအများစုနေထိုင်ရာဒေသရှိ အစိုးရစာ သင်ကျောင်းများတွင် ကျောင်းချိန်အတွင်း၌ စတင်သင်ကြားသွားမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။
တိုင်းရင်းသားစကား၊ စာပေသင်ကြားရေးအရှိန်မြှင့်တင်ရန် မွန်ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီ နှင့် မြို့နယ်အလိုက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှု ကော်မတီ၊ ပအိုဝ့်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခများ၊ မော်လမြိုင် တက္ကသိုလ်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မြို့နယ်အလိုက် အထောက်အကူပြု ကော်မတီ များနှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့စဉ်ကလည်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကထိုကဲ့သို့ပြောခဲ့ သည်။
“ပညာရေးဌာနကလဲ ကျောင်းချိန်အတွင်းမှာသင်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ လုပ်ပါ ဆိုတော့ ကျောင်းချိန်အတွင်းမှာဖြစ်မယ်။ သင်ထောက်ကူပစ္စည်းနဲ့ ဆရာတွေ ကိုတော့ ဆွေးနွေး လုပ်ဆောင်ရ မယ်” ဟု လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။
မွန်ပြည်နယ်အစိုးရ၏ စီမံချက်ဖြင့်မွန်စာပေကို မွန်အများစုရှိသည့် အစိုးရစာသင်ကျောင်းများ တွင် ကျောင်းချိန်အတွငက်း၌ သင်ကြားသွားမည်ဖြစ်ပြီး ထိုနည်းတူပအို့ဝ်အများစုရှိ ဒေသတွင်ပအို့ဝ်စာ၊ ကရင်များသည့်နေရာတွင် ကရင်စာသင်ကြားသွားမည်ဟု မွန်ပြည်နယ် စီမံ/စီးပွားဝန်ကြီးဒေါက်တာ မင်းနွယ်စိုးကပြောသည်။
“ကျောင်းချိန်မှာ သင်လို့ရမယ်ဆိုရင် တစ်နှစ်ကိုနာရီ ၉၀ ရမယ်။ နာရီ ၉၀ ရရင် မွန်ကလေးတွေဆိုရင် မွန်စာတက်ကိုတက်မယ်” ဟု ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။
ကျောင်းချိန်တွင်မွန်စာသင်ကြားသည့်အခါ လက်ရှိသင်ကြားနေသည့် နွေရာသီမွန်စာပေသင်တန်းများ ကို သင်ပြီးသားထပ်သင်သည့် ပုံစံမျိုးမဖြစ်စေရန်ကျောင်းတွင် အခြေခံ၊ နွေရာသီတွင်အဆင့်မြင့် သင်ရိုးကိုသင်ကြားရန် စဉ်းစားထားကြောင်း၊ လက်ရှိမွန်စာပေသင်ကြားမှု အခြေအနေသည် စာသင် ကြားသည့်အဆင့်တွင်သာရှိနေပြီး စာပေသင်ကြားသည့်အဆင့်သို့ ရောက်ရှိရန်အချိန်ယူကာ အများ ကြီးလုပ်ဆောင်ရန် လိုအပ်သေးကြောင်းလည်း ၎င်းကရှင်းပြသည်။
ကျောင်းချိန်အတွင်း မွန်စာပေသင်ကြားခြင်းကို မွန်တိုင်းရင်းသားကျောင်းသင်ခန်းစာ စာအုပ်များဖြစ် သည့် မူလတန်းအောက်အဆင့် (သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း) မွန်ဖတ်စာအုပ်နှင့် သင်ရိုး ညွှန်းတမ်းတွေအတိုင်း သင်ကြားရမည်ဖြစ်သည်။
Democracy today Daily
အတွဲ(၁)၊ အမှတ်(၂၅)၊ မတ်လ(၂၅) ရက်၊ ၂၀၁၄ ခုနှစ်
- (အရှေ့သို့) ရုပ်ရှင်အနုပညာရှင်တို့ သုံးသပ်တဲ့အသံအကြောင်း Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး
- (အနောကျသို့) အသပြာမပါတဲ့ ကျောင်း Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး