Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

၁။ အတူနေတဲ့အနေအထားအရ ကလေးဟာ ယောက်ျားလေး၊ မိန်းကလေးဖြစ်တယ်။ မဟုတ်ပါ။ ဖခင်ဆီကလာတဲ့ X နဲ့ Y (ခရိုမိုဇုမ်း) တွေကနေသာ ကလေးရဲ့လိင်ကိုသတ်မှတ်တယ်။
၂။ ကလေးနှလုံးခုန်သံကနေ ယောက်ျားလေး၊ မိန်းကလေးခွဲသိမယ်။ မဟုတ်ပါ။ ဘယ်လိင်ဖြစ်ဖြစ် နှလုံးခုန်နှုန်းဟာ တမိနစ်မှာ ၁၂ဝ ကနေ ၁၆ဝ ရှိတယ်။
၃။ လက်ကိုခေါင်းပေါ်မြှောက်တင်ရင် ကလေးကို ချက်ကြိုးပတ်နေတတ်တယ်။ မဟုတ်ပါ။ အထဲကကလေး လှုပ်ရှားမှုကြောင့်သာ အဲလိုဖြစ်နိုင်တယ်။
၎။ ကိုယ်ဝန်ပေါ်ရင် ကလေးက ကြီးမယ်။ မဟုတ်ပါ။ ကိုယ်ဝန်တိုင်းမှာ အဲလိုမဟုတ်ပါ။ အရပ်မြင့်သူတွေက ကိုယ်ဝန်သိပ်မပေါ်တတ်ပါ။ ရေမြွာရည်များတာနဲ့ အမွှာကိုယ်ဝန်ကြောင့် ကိုယ်ဝန်က သူများထက်ကြီးမယ်။
၅။ ကိုယ်ဝန်ဆောင်တုံး မျက်နှာမှာ တင်းတိတ်ပေါ်တာဟာ (ကိုယ်ဝန်မျက်နှာဖုံး) ရာသက်ပန်ကျန်မယ်။ မဟုတ်ပါ။ မွေးပြီး ပြောင်း၊ ပျောက်ပါမယ်။
၆။ ကိုယ်ဝန်ဆောင်နေတုံး အတူနေတာ အန္တရာယ်ကြီးတယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)
၇။ ကိုဝန်ရှိစ အိပ်ရာထဈေဒနာတွေက မနက်ထမှာသာဖြစ်တယ်။ မဟုတ်ပါ။ (စာတပုဒ်ရေးထားပါတယ်။)
၈။ ကိုယ်ဝန်ဆောင်ရင် ရေမချိုးနဲ့။ မမှန်ပါ။ ရေချိုး သန့်ရှင်းဘို့ အရေးကြီးပါတယ်။
၉။ Linea nigra ခေါ်တဲ့ ချက်ကနေ ဆီးစပ်အထိတန်းနေတဲ့ အရောင်ရင့်မျဉ်းကြောင်းကနေ ယောက်ျားလေး-မိန်းကလေး သိတယ်။ ဖြောင့်ရင် ယောက်ျားလေး၊ ကောက်ရင် မိန်းကလေး။ ချက်အထက်ရောက်ရင် ယောက်ျားလေး။ မဟုတ်ပါ။
၁ဝ။ အသားအရေနူးညံရင် မိန်းကလေး၊ ခြောက်နေရင် ယောက်ျားလေး။ မဟုတ်ပါ။
၁၁။ ဆံပင်ပါးပြီး မွဲခြောက်ရင် မိန်းကလေး။ များပြီး အဆီပြန်နေရင် ယောက်ျားလေး။ မဟုတ်ပါ။
၁၂။ အချိုကြိုက်နေရင် မိန်းကလေး။ အငန် နဲ့ အချဉ်ကြိုက်ရင် ယောက်ျားလေး။ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၄
- (အရှေ့သို့) Nutrition အာဟာရ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) How to Cut Your Own Hair? ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review