သြစတြေးလျားအမျိုးသားတက္ကသိုလ်ကို ဖောင်ဒေးရှင်းကတစ်ဆင့် တက်ရောက်နိုင်
သြစတြေးလျားထိပ်တန်း တက္ကသိုလ်တွေကြားနံပါတ်တစ်နေရာယူထားတဲ့ သြစတြေးလျားအမျိုးသား တက္ကသိုလ်ကို Study Group ပညာရေးအဖွဲ့အစည်းကြီးရဲ့ ပညာရေးလမ်းကြောင်းဖြစ်တဲ့ သြစတြေး လျားအမျိုးသားတက္ကသိုလ်ကောလိပ် ဖောင်ဒေးရှင်းပရိုဂရမ်က တစ်ဆင့်မြန်ာမကျောင်းသား၊ ကျောင်း သူတွေတိုက်ရိုက်ဆက်တက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
သြစတြေးလျား အမျိုးသားတက္ကသိုလ် (ANU) ကောလိပ်က သြစတြေးလျားအမျိုးသား တက္ကသိုလ်ကို တိုက်ရိုက်တက်ရောက်နိုင်မယ့် ပညာရေးလမ်းကြောင်း ဖြစ်ပါတယ်။ အေအင်န်ယူကောလိပ် ဖောင်ဒေး ရှင်းကို အောင်မြင်ပါက တက္ကသိုလ်ရဲ့ဘာသာရပ်တွေကို မိမိရရှိထားတဲ့ ရမှတ်အလိုက်ရွေးချယ်တက် ရောက်နိုင်ပါတယ်။ အေအင်န်ယူကောလိပ်က ဖောင်ဒေးရှင်းဖြေဆိုသူ ၉၃ ရာခိုင်နှုန်းမှာ အေအင်န်ယူ ကိုဆက်တက်ခွင့်ရရှိကြတယ်လို့ AT&S ကသိရပါတယ်။ ဒါ့အပြင်အေအင်န်ယူကောလိပ်က တက္က သိုလ်ကျောင်းဝင်းအတွင်းမှာရှိတာကြောင့် တက္ကသိုလ်ကျောင်းသားတွေရရှိတဲ့ စာကြည့်တိုက်သုံးစွဲခွင့် နဲ့ကျောင်းတွင်းဝန်ဆောင်မှုတွေ အားလုံးကိုတန်းတူခံစားခွင့်ရရှိမှာဖြစ်တယ်။ ဖောင်ဒေးရှင်းမှာ အမှတ်ကောင်းကောင်းနဲ့ ထူးထူးချွန်ချွန် အောင်မြင်ရင်အမျိုးသားတက္ကသိုလ်ကို ဆက်တက်မယ့် အတန်းအတွက် ၅၀ ရာခိုင်နှုန်းအထိ ပညာသင်ဆုတွေ ရရှိနိုင်တယ်လို့ဆိုတယ်။
မြန်မာကျောင်းသားတွေအတွက် အေအင်န်ယူကောလိပ် ဖောင်ဒေးရှင်း တက်ရောက်မယ်ဆိုရင် အခြေခံပညာအထက်တန်းမှာ နှစ်ဘာသာဂုဏ်ထူးထွက်ပြီး နှစ်ဘာသာမှာပျမ်းမျှ ၆၅ ရာခိုင်နှုန်းရရှိ ထားရပါမယ်။ IELTS 6.0 နဲ့ညီမျှတဲ့ အင်္ဂလိပ်စာရရှိထားသူတွေ သို့မဟုတ် ဂျီစီအီးအိုအဆင့်မှာ ငါးဘာသာကို ဘီအဆင့်ရရှိထားပြီး IELTS 6.0 နဲ့ညီမျှတဲ့ အင်္ဂလိပ်စာရရှိထားသူတွေမှာ Foundation Studies (standard) ကို စာသင်နှစ်ဝက် (semester) နှစ်ခုသာ တက်ရောက်ရမှာဖြစ်တယ်။
အခြေခံပညာအထက်တန်းမှာ ပျမ်းမျှ ၆၅ ရာခိုင်နှုန်းနဲ့ IELTS 5.5 နဲ့ညီမျှတဲ့ အင်္ဂလိပ်စာရရှိထားသူ သို့မဟုတ် ဂျီစီအီးအိုးအဆင့်မှာ သုံးဘာသာမှာဘီအဆင့်ရရှိထားသူတွေက Foundation Studies Extended ကိုစာသင်နှစ်ဝက်သုံးခုအတွက် တက်ရောက်ရမှာဖြစ်ပါတယ်။ Foundation Studies Standard အတွက် အောက်တိုဘာ ကျောင်းဖွင့်ရာသီမှာတက်ရောက်နိုင်ပါတယ်။
သြစတြေးလျား အမျိုးသားတက္ကသိုလ်က သင်ကြားပေးနေတဲ့ ဘာသာရပ်တွေက တစ်ဘာသာချင်းစီ အလိုက်အဆင့်သတ်မှတ်ချက်ကောင်းတွေ ပါဝင်ပါတယ်။ ပြည်တွင်းပြည်ပကျောင်းသား၊ ကျောင်းသူ တွေရွေးချယ်မှု အများဆုံးထိပ်တန်းဆယ်ခု ဘာသာရပ်တွေမှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဘာ သာရပ်၊ အင်ဂျင်နီယာဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်တွေ၊ သိပ္ပံဘာသာရပ်တွေ၊ ဝိဇ္ဇာဘာသာရပ် တွေ၊ တွက်ချက်မှုပိုင်းဆိုင်ရာ စာရင်းအင်းဘာသာရပ်တွေ၊ ဥပဒေဘာသာရပ်တွေ ဆေးသိပ္ပံဘာသာ ရပ်တွေ၊ ဘောဂဗေဒဘာသာရပ်တွေဖြစ်ပါတယ်။ အဲသည်တက္ကသိုလ်ရဲ့ သုတေသနလုပ်ဆောင်ချက် တွေထဲက ၉၄ ရာခိုင်နှုန်းက ကမ္ဘာ့အဆင့်မီကြောင်း သြစတြေးလျားသုတေသနကောင်စီရဲ့ လေ့လာ ထုတ်ပြန်ချက်အရ သိရပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၁)၊ မတ်လ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်
- (အရှေ့သို့) ပညာသင်ဆုနဲ့ အာရှတိုက်သားများ ပညာသင်ထောက်ပံ့ကြေးခံစားခွင့် လျှောက်ထားနိုင်ပြီ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ဉာဏ်ရည်ခြားနား ကလေးငယ်များအတွက် ထည့်သွင်းစဉ်းစားရမည့် ပညာရေးစနစ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..