၂ဝ၁၄ သင်္ကြန်ကို ရန်ကုန်မှာနွှဲမယ့် ခင်ဘုဏ်း
တေးသံရှင် ခင်ဘုဏ်းက ခင်ပွန်းရှိရာ အမေရိကားကို ပြီးခဲ့တဲ့ နှစ်က လိုက်ပါ သွားခဲ့ပြီး အခု မတ်လ၁၄ရက်နေ့ မှာတော့ မြန်မာ ပြည်ကို ခေတ္တပြန်လည်ရောက် ရှိခဲ့ပါတယ်။ အမေရိကား မှာ နေစဉ်မှာလည်း မြန်မာပြည်က စီးရီးခွေတွေမှာ သီချင်းများ ပါဝင် သီဆိုပေးဖြစ်တဲ့ ခင်ဘုဏ်းက ၂ဝ၁၄ သင်္ကြန် အတွက် ထွက်ရှိ လာတဲ့ သင်္ကြန်ပြဇာတ် ဆိုတဲ့ တေးစီးရီး မှာလည်း ပါဝင်သီဆို ထားပါတယ်။
အမေရိကား မှာလည်း သီချင်းတွေ ဆိုဖြစ်တဲ့ အကြောင်းကို ခင်ဘုဏ်းက “ဒီက တီးပြီးသားကို ဟိုကိုပို့ ပေး တယ်။ အဲ့ဒီမှာ အစ်မရဲ့ Home Studio လေးမှာ အသံ သွင်းဖြစ် တယ်။ ဒီသင်္ကြန်ခွေမှာ ပါဖို့ကို စီစဉ် သူတွေ ကပြောတော့ အစ်မမှာလည်း သီချင်းလေးက ရှိပြီးသား ဆိုတော့ ပါဝင်ဖြစ်တာ။ ဟိုမှာတော့ ကျောင်း တက်တယ်။ ပြီးတော့ ဟိုမှာ ကျတော့ အိမ်ရှင်မ ဖြစ်သွားတာပေါ့။ ဟိုမှာက သူ့မိသားစု နဲ့ အတူနေတယ်။ အဓိကကတော့ ခရီးတွေ သွားဖြစ်တယ်။ Show ပွဲတွေလည်း ဆိုဖြစ်ပါ တယ်။ သူနဲ့ နှစ်ယောက်ပေါင်းပြီး လည်း သီချင်းတွေ လုပ်ဖြစ်တယ်။ ဒါပေမဲ့ သူက ရုံးတစ် ဖက်နဲ့ဆိုတော့ အရင်လောက်တော့ မြူးဇစ် ဘက်ကို မလုပ်ဖြစ်ဘူး။ အစ်မ ကတော့ ဟိုမှာလုပ်တဲ့ Show တွေမှာ ဆိုဖြစ်ပါတယ်”လို့ ခင်ဘုဏ်းက သူအမေရိကားမှာ ရှိစဉ်က အကြောင်းကို ပြောပါတယ်။
ခင်ဘုဏ်းက မြန်မာပြည်မှာ တစ်လနေ မှာဖြစ်ပြီး သင်္ကြန်ကိုလည်း ရန်ကုန်မှာပဲ ရှိမယ်လို့ သိရပါတယ်။ “ရန်ကုန် သင်္ကြန်ကိုလည်း နေချင်တယ်။ ၁၇ ရက်နေ့ (နှစ်ဆန်း တစ်ရက်နေ့)ပြန် ရမှာဆိုတော့ သင်္ကြန်ကိုတော့ ရန်ကုန် မှာပဲနေမယ်။ အဲ့ဒါမှ ဟိုကိုပြန်ဖို့ ကိုမီမှာ။ ဟိုမှာက ပြန်ရင် မိုင်ယာမီမှာ သင်္ကြန်ပွဲကို အစ်မ တစ်ယောက်တည်း ဆိုဖို့ ရှိတယ်။ ဟိုက မြန်မာတွေ စီစဉ်တဲ့ပွဲပေါ့။ အဲဒီမှာပါဖြစ်မယ်။ ဒီမှာနေစဉ် မှာတော့ ပွဲတွေဆိုဖို့ကို တောက်လျှောက် လက်ခံထားတယ်” လို့ ခင်ဘုဏ်း ကပြောပြီး လောလော ဆယ်မှာတော့ အမေရိကားမှာပဲ အခြေချနေထိုင်ဖြစ်ဖို့ ရှိကာ မြန်မာပြည်နဲ့ သွားလိုက်ပြန်လိုက် ပဲလုပ်နေမှာဖြစ်တယ် လို့လည်း သိရပါတယ်။
ရဲရဲ
Popular News Journal
- (အရှေ့သို့) လင်းလင်း တို့စုံတွဲရဲ့ The Music ဆိုင် အကြောင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ကျောင်းပိတ်သော်လည်းမနားရ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ