Limb lengthening methods ရိုးရှည်ခွဲစိတ်နည်းများ

ဆရာခင်များ Bone Lengthening Surgery အကြောင်း သိချင်ပါတယ်။ ကောင်းကျိုး၊ ဆိုးကျိုး၊ ခန့်မှန်း ကုန်ကျစရိတ်၊ ဘာတွေကိုလေ့လာသင့်တယ်၊ သိထားသိတယ်၊ ဘယ်နေရာမှာ ရနိုင်တယ်၊ ဘယ်အရိုးတွေကို လုပ်လို့ရတယ် စသဖြင့်။ ဆရာ ကျန်းမာချမ်းသာပါစေ။ ဆရာဖြစ်လိုသော ကျန်းမာတိုးတက်မျှတသော ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို အမြန်ဆုံး မြင်တွေ့ခွင့်ရပါစေ။
(၁) External methods အပြင်ကနေလုပ်ပေးနည်း၊
(၂) Combined methods ပူးတွဲနည်း နဲ့
(၃) Internal methods အတွင်းနည်း။
Bone dissection အရိုးကို ခွဲစိတ်ခြင်းဆိုတာ အရိုးကို တမင်တကာ ကျိုးစေအောင် လုပ်တယ်။ Artificial regeneration process အရိုးကို တမင်တကာ ပြန်အသစ်ဖြစ်ခြင်းနည်းက တနေ့ ၁ မီလီမီတာ ရှည်လောစေဘို့ ရည်ရွယ်တယ်။
ဘယ်နည်းနဲ့လုပ်လုပ် သတိထားရမှာတွေရှိတယ်။ တင်းမာတဲ့အရိုးတွေဟာ အရိုးဖြစ်စဉ်ဖြစ်ပြီးမှသာ နေသားတကျဖြစ်စေရမယ်။ ဖြေးဖြေးခြင်းရှည်စေဘို့ဟာ နုသေးတဲ့အရိုးတွေအတွက် သင့်တော်စေရမယ်။ ဖြစ်စဉ်အတွင်းကာလထဲမှာ ဆက်စပ်နေတဲ့ ကြွက်သားနဲ့ အဆစ်တွေအတွက်လဲ ကောင်းမွန်တဲ့ ဝန်းကျင်ဖြစ်နေဘို့လိုတယ်။
အပြင်ကနေလုပ်ပေးနည်း
• External construction အပြင်ဘက်ကနေ ကိရိယာတည်ဆောက်မှုတွေရှိမယ်။
• Power clusters အားကောင်းတဲ့ ကလပ်စတာရှိမယ်။
• Bone fixation အရိုးကိုတည်ငြိမ်နေအောင်လုပ်တဲ့ Spokes အချောင်းတွေရှိမယ်။
• distraction ဆွဲဆန့်နေစေရမယ်။
ပူးတွဲနည်း
ကိရိယာတွေသုံးမယ်။ ရှည်ထွက်ဖြစ်စဉ်အပြီး ပြန်ဖြုတ်မယ်။
အတွင်းနည်း
အထဲမှာ ကိရိယာကနေ ဆွဲဆန့်ဖြစ်စဉ်နဲ့ တည်းမြဲဖြစ်စဉ်တွေလုပ်ပေးနေစဉ်ဟာ အရေပြား၊ ကြွက်သား၊ အရွတ်ပြားတွေက သူ့ဟာသူနေမယ်။ နည်းတွေ အမျိုးမျိုးရှိတယ်။
1. Method Albizzia
2. Method Guichet
3. Fitbon system
Leg lengthening ခြေတံရှည်နည်းရှိသလို Leg shortening တိုနည်းလဲ ရှိသေးပါတယ်။ တဖက်နဲ့တဖက် မတူတာမှာ လုပ်ပေးရတယ်။ ကလေးတွေကို ၆ လက္မထိရှည်လာအောင်လုပ်နိုင်တယ်။ ရှည်နေတဲ့အရိုးကိုဖြတ်မယ်၊ သတ္တုပင်ချောင်းနဲ့ ဝက်အူတွေ ထည့်မယ်။ သတ္တုကိရိယာကို ပင်ချောင်းမှာဆက်မယ်။ သူကနေ နောင်မှာ ဖြတ်ထားတဲ့အရိုးကို ကားစေမယ်။ ကြားနယ်ဖြစ်လာမယ်။ အရိုးသစ်ဖြည့်လာစေမယ်။ လိုတဲ့အရှည်ရလာချိန်မှာ တခါထပ်ခွဲပြီး၊ ပင်ချောင်းစတာတွေ ထုတ်မယ်။
မော်စကိုကလူတယောက် နယူးယော့ခ်ကိုသွားပြီး အရိုးရှည်အောင်လုပ်လို့ ၃့၃ လက္မ ပိုရှည်တယ်လို့ ၂၁-၆-၂ဝ၁၃ နေ့က သတင်းတပုဒ်မှာ ရေးပါတယ်။ ဒီနည်းကို ဒုတိယကမ္ဘာစစ်ပြန် စစ်သားတွေကို ကုပေးဘို့ ရုရှားပါမောက္ခ (ဂယ်ဘရယ်လီ အီလီဇာရော့ဖ်) ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ (အပင်တာဂွန်) ကလဲ ခြေထောက် ထိခိုက်မိထားသူတွေအတွက် ပိုကောင်းတဲ့ နည်းနာတွေအတွက် ထောက်ပံ့မှုတွေပေးနေပါတယ်။
အခုလို အရိုးရှည်ဘို့ ခွဲစိတ်တာကို မြန်မာပြည်မယ် ဘယ်မှာလုပ်လို့ရသလဲနဲ့ ကုန်ကျစရိတ်တွေ မသိပါ။ ဆုတောင်းပေးတွေအတွက် ကျေးဇူးတင်ပါတယ်။ “ဆုတောင်းပေးသူ ဆုတူရပါစေ”။
ဒေါက်တာင့်ဆွေ
၃၁-၃-၂ဝ၁၄
- (အရှေ့သို့) Dermatofibrosarcoma protuberans (DFSP) ရွားတဲ့ ကင္ဆာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) Online Payment စနစ်မရှိသေးခြင်းကြောင့် ပြည်တွင်း Online Shoppping စီးပွားရေးလုပ်ငန်းများ မတွင်ကျယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...