ဦးနှောက်လုပ်ငန်း အားနည်းလာခြင်းကြောင့် ဆေးလိပ်ဖြတ်ရန်ခက်ခဲ
Health Updates Journal No. 111
နီကိုတင်း ဖြတ်တောက်ခြင်းသည် ဦးနှောက်တွင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည့်အတွက် ဆေး လိပ် သောက်သူများအနေနှင့် ဆေးလိပ် ဖြတ်ရန် ခက်ခဲရခြင်းဖြစ်ကြောင်း သုတေသီများကဆိုသည်။
ဆေးလိပ်ဖြတ်သူများ၏ (၈၀) ရာခိုင်နှုန်းသည် အောင်မြင်လေ့မရှိဘဲ ဆေးလိပ်ပြန်သောက်တတ်ကြသည်။ သုတေသနသစ်တွေ့ရှိချက်ကြောင့် ဆေးလိပ်ဖြတ်ရန် ခက်ခဲသူများကိုပါ ဆေးလိပ်ပြတ်စေမည်ဖြစ်ကြောင်း သိရသည်။
အသက် (၁၉) နှစ်မှ (၆၁) နှစ်ကြား ပုဂ္ဂိုလ်များကို စမ်းသပ်ရာတွင် ဆေးလိပ်သောက်ပြီးပြီးချင်း ၎င်းတို့၏ ဦးနှောက်ကို MRI နည်းပညာ အသုံးပြုစစ်ဆေးခဲ့ပြီး ဆေးလိပ်မသောက်ဘဲနေချိန် (၂၄) နာရီ အပြီး တွင်MRI်နှင့်ထပ်မံစစ်ဆေးခဲ့သည်။
ဆေးလိပ်တွင် အဓိကပါဝင်သော နီကိုတင်းဓါတ်ကို (၂၄) နာရီ ကြာ ပြတ်လပ်အပြီးတွင် ဆေးလိပ်သောက် ချင်စိတ်ကို ထိန်းချုပ်နိုင်သော ဦးနှောက်လုပ်ငန်းများအား ပျော့လာသည်ကို တွေ့ရကြောင်း JAMA Psychiatryး စာစောင်တွင် ပါဝင်သည့် သုတေသန ရလဒ်များက ဆိုထားသည်။
““နီကိုတင်း ပြတ်လပ်လာတာနှင့် အမျှ ဆေးလိပ်သောက်သူရဲ့ ဦးနှောက်အတွင်းမှာ ပြောင်းလဲ မှုတွေ ဖြစ်ပေါ်ပြီး ဆေးလိပ်ဖြတ်ဖို့ ပိုခက်လာပါတယ်။ ဒီလိုတွေ့ကြုံခံစားရတာဟာ ဇီဝဗေဒဖြစ်စဉ်များ အပေါ် အခြေခံထားတယ်ဆိုတာလည်း တွေ့ရှိရပါတယ်”ဟု ပင်ဆီဗေးနီးယား တက္ကသိုလ်မှ သုတေသီ Caryn Lerman ကဆိုသည်။
“နောက်တစ်ဆင့်အနေနဲ့ ဆေးလိပ်ဖြတ်ရခက်သူတွေကို ဦးနှောက်ပြောင်းလဲမှုတွေ၊ ချိတ်ဆက်မှုတွေ အားမလျော့အောင် ကုသမှုတွေ ပေး နိုင်တော့မှာဖြစ်ပါတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောကြား သည်။
ဇော်ကို
Ref:NMD
- (အရှေ့သို့) အသက်သေဆုံးနိုင်ချေ ရှိမရှိသိနိုင်မယ့် သွေးစစ်ဆေးမှုတစ်မျိုး Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) Dermatofibrosarcoma protuberans (DFSP) ရှားတဲ့ ကင်ဆာ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...