ပရိသတ်နဲ့ ထပ်တူထပ်မျှပဲ ခံစားတယ် ဆိုတဲ့ ဝတ်မှုံရွှေရည်
“မချစ်တတ်သူများ အ ကြောင်း” ဆိုတဲ့ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က ကောင်းပြည့်နဲ့ သရုပ်ဆောင်ထားပါ တယ်။ မာနချင်း ပြိုင်ကြတဲ့ လူငယ် ၂ ယောက် ရဲ့ အပြိုင် ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံရွှေရည် ရဲ့လတ်တလော ထွက်ရှိထားတဲ့ “လိပ်ပြာ” ဆိုတဲ့ ဇာတ်ကားမှာနွမ်းပါး သူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပရိသတ် မြင်တွေ့နေကျ ပုံစံမဟုတ် တဲ့အတွက် အမြင်ဆန်းသွားစေတယ် လို့ပြောပြတဲ့ ဝတ်မှုံရွှေရည် က “အဲဒီကားက ကစ်တစ်ခါ မှ မလုပ်ဖူးတဲ့ ဇာတ်ရုပ်မျိုးပါ။ မလှအောင်လည်း လုပ်ထားတယ်။ တော် တော်လေး ရုပ်ချထားတယ်။ အလှကား မျိုး၊မြင်နေကျ ဇာတ်ရုပ်မျိုးဆို သိပ်ပြင်ဆင် စရာလည်း မလိုဘူး။ တော်တော် ဆင်းဆင်းရဲရဲ ဆိုတော့သေချာ လုပ်ထားပါတယ်”လို့ ပြောပြပါတယ်။
ဇာတ်ကားတွေ ကို အရင်တုန်းနဲ့ မတူဘဲပြောင်းလဲ ဖြစ်လာတာနဲ့ ပတ် သက်ပြီးလည်း ဝတ်မှုံရွှေ ရည်က “ကစ်ရိုက်တဲ့ ဇာတ်လမ်းတွေက ဇာတ်ရုပ်ကို ဦးစားပေးပြီး ရိုက် ထားတယ်။ “အမြဲတမ်း ဒရာမာလည်း ရိုက်လို့ မရဘူး။ ပရိသတ်က အမျိုးမျိုး ရှိတယ် လေ။ ကစ်လွန် ခဲ့တဲ့ ၂နှစ်လောက်က ရိုက်ခဲ့တဲ့ ပုံစံမျိုး မဟုတ် တော့ဘူး။ ကစ်ကာ ရိုက်တာက အရင်တုန်း ကတော့ ကလေးပေါ့။ အခုတော့ အပျိုဖြစ် လာတာပေါ့။ အဲဒီလိုပြောင်းထားပါတယ်” လို့ ပြောပြပါတယ်။ သင်္ကြန်မှာ တော့ ဝတ်မှုံရွှေရည်က ခရီး ထွက်ဖြစ်မလား ၊အိမ်မှာ နားဖြစ်မလား မသေချာသေးဘူး လို့ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular News Journal
- (အရှေ့သို့) ဆရာမ်ားကုိ လူရည်ချွန်သင်တန်းပေးမည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ထိုင်းရောက် ပုံမှန်နိုင်ငံကူးလက်မှတ်ရ မြန်မာအလုပ်သမားများ တတိယနိုင်ငံများသို့ လူကုန်ကူးခံရနိုင်ခြေရှိ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)