ရုပ်ရှင်အနုပညာရှင်တို့ သုံးသပ်တဲ့အသံအကြောင်း
အသံဆိုသည်မှာ အလွန်ပင်အရေး ကြီးလှပေသည်။ အဓိက ပင်ကိုအသံသည်ပင်လျှင်လူတစ်ယောက်နှင့် တစ်ယောက် မတူညီကြပေ။ အသံသည် အနု ပညာရှင်တို့ အ တွက် ပိုမိုလို့ပင် အရေးပါလို့နေ ပေသည်။ ဇာတ်ရုပ်အရ အသံကို အမျိုးမျိုးပြောဆို သရုပ်ဆောင်ရသည်ဖြစ်သည့်အတွက် အသံ၏အရေးပါမှုသည် အ လွန်အရေးကြီး လှ သည်။ ရိုက်ကွင်း ရိုက်ကူးမှုတွင်လည်းအသံဖမ်းခြင်းက အရေးပါလို့ နေပြန်သည်။ အပြင်သံများမပါရေးအတွက်အသံဖမ်းဆရာတို့သည်အထူး ဂရု စိုက်ဖမ်းကြရလေ သည်။ ထို့အ တွက်ကြောင့်လည်း အသံ၏အရေးပါမှု များနှင့်ပတ်သက်ပြီးသရုပ်ဆောင်၊ ဒါရိုက်တာတို့ရဲ့ အမြင်များကို ဖော်ပြပေး လိုက်ရပါသည်။
ဒါရိုက်တာကိုဇော် (အရုဏ်ဦး)
” အသံစနစ်တွေကောင်း အောင်လို့ ၅.၁ လောက်မဖြစ် နိုင်တောင်မှ စတူဒီယိုလောက် ဖြစ်အောင်ကိုယ့်ဘာသာကိုယ် မိုက်တို့၊ ရီကော်ဒါတို့ ဝယ်တယ်။ အားနည်းနေ တာ က အရုပ်ထက်အသံက ပိုအားနည်းနေတယ်။ အဲဒါအရေးကြီးတယ်။ကင်မရာမန်းကကျတော့ အရုပ်ရော၊ အသံရော ကြည့်ဆိုရင် ၂ခုစလုံး သူမလုပ်နိုင်ဘူးဖြစ်နေ တယ်။ အဲဒီအခါကျတော့ အသံမပါတဲ့ဟာတို့၊ဘေး Noise တွေ တအားများနေတယ်။ ကင်မရာနဲ့ မတွဲဘဲသက်သက်အပြင်က အသံဖမ်းတာမျိုးလုပ်ရတယ်။ အတတ် ပညာ ရှင် လည်း လိုတယ်။ အသံဖမ်းတာကစက်အဖွဲ့က ဖမ်းလို့မရဘူး။အသံရဲ့သဘောတရားကိုသိမှ စက်ကိုကိုင်ပြီးဖမ်းလို့ရမယ်။
ကျွန် တော်တို့ဆိုလည်းအသံကို ရုပ်ရှင်မှာဖမ်းတဲ့လူတွေကို ဖမ်းခိုင်းရတယ်။ အခုရိုက်ကွင်းမှာ မိုက်နဲ့ ဖမ်းတဲ့သူတွေဆို ဖမ်းလို့မရဘူး။ အသံကိုကျွန်တော်တို့တောင် သိပ် နားမလည်ဘူး။ ဓီရာမိုရ်ကို အသက်ရုပ်ရှင်ဇာတ်ကားကြီးမှာတီးခိုင်းလိုက်တော့ ကျွန်တော့်ရဲ့ ဒိုင်ယာလော့ခ်တွေရော၊ သူ့ရဲ့နောက်ခံတေးဂီတတွေရော၊ အကုန် Mixing ဆွဲပြီးပေးတဲ့ အချိန်ကျတော့ သေသေချာချာ နားထောင်ကြည့်တော့ ကွဲပြားခြားနားတာတွေသိရတယ်။ ဟိုးတုန်းကအကုန်ရောနေတယ်။ တကယ့်အသံကိုသေချာနားလည် တဲ့ သူကျတော့ခွဲပေးတာတွေ၊ အသံ Level ကအစအကုန်ကွာတယ်။”
ဖြိုးငွေစိုး
” ကျွန်တော်က အသံအားနည်းတယ်။ စကားပြောတာက တစ်ဖက်လူနားမလည်ဘူး။ မြန်တာရော၊ စကားလုံးမသဲကွဲတာ ရောလေ့ကျင့်ရတယ်။ အသံမ မှန်ရင်အိုက်တင်ပါ မှားရော။ အသံမှန်ရင်အိုက်တင် မှန်တယ်။ လူတစ်ယောက်က လွမ်းစရာကောင်းတဲ့ကိစ္စကို လွမ်းနေအောင်ပြောနေရင် သေချာတယ်။ သူ့မျက်နှာကပါ လွမ်းစရာ ပုံပေါက်နေမှာပဲ။ အဲဒီတော့ အသံကအရေးကြီးပါတယ်။ကျွန်တော်ဆိုရင်သေချာ လေ့လာပြီးလေ့ကျင့်ဖြစ်တယ်။ အခွေတွေဘာတွေကြည့်ပြီး လေ့လာဖြစ်တယ်။ သတိ ထားပြီးပြောရတယ်။ တော်တော်လေးတော့ ဂရုစိုက်ရတယ်။ အသံကအရေးကြီးပါတယ်”
ဟိန်းဝေယံ
” ဇာတ်ကား ရိုက်ကူးတဲ့အခါမှာအသံကလည်း တအားအရေးကြီးပါတယ်။ အသံပေါ်မူ တည်ပြီးအိုက်တင်ကပါ ပီပြင်တယ်ဆိုတာကိုတော့ သိထားတယ်။ အသံမှာမု(ဒ်) မဝင်ရင် သရုပ်ဆောင်အမူအရာမှာပါ လိုသွားတယ်။ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်။ အသံကို နားထောင်ပြီးတော့ သူ့အိုက်တင်မှန်တယ်၊ မမှန်ဘူးဆိုတာကို သိနိုင် တယ်လို့ ကြားဖူးတယ်။ အသံကရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို အများကြီးအ ထောက်အပံ့၊အထောက်အကူပြုတယ်လို့ ပြောချင်ပါတယ်”
မေကဗျာ
” အသံကတော့ လုပ်ပြောရတာ မျိုးတော့မလုပ်ပါဘူး။ စိတ်ကိုပဲ ပြောရမယ့်စကားလုံး၊ ဇာတ်ရုပ်ကိုပဲ နှစ်လိုက်တော့ သူ့ဘာသာအံဝင်ခွင်ကျဖြစ် သွားရော။ ဒေါသဖြစ် တာပဲဖြစ်ဖြစ်၊ စိတ်လေးထည့်လိုက်ရင် အသံက မာသွားတာပဲ။ နောက်ကဗျာက စကားပြောရင် မြန်တော့ စကားလုံးပီသအောင်သတိထားရတယ်။ စိတ် ထဲမှာဖြစ်ပေါ်နေ တဲ့ အပေါ်မူတည်တော့ စကားလုံးကအစ သူ့အလိုလိုဖြစ်သွားတာပါပဲ”
မိုးဟေကို
” သရုပ်ဆောင်က ကိုယ့်ရှေ့က စီနီယာတွေ သရုပ်ဆောင်မှုကို လေ့လာရတယ်။ သူတို့သင်ပေးတာတွေ စိတ်ထဲမှာ ထည့်ထားတယ်။ အပြင်မှာ တကယ်လှုပ်ရှားမှုတွေ ကို လေ့လာတယ်။ စကားတစ်ခုကို ပြောရင် လေသံက အမျိုးမျိုး ရှိတယ်လေ။ သူ့စိတ်ထဲက တစ်မျိုးပြောရတာက တစ်မျိုး အဲဒီလိုအိုက်တင်လည်း ဖြစ်နိုင်တယ် လေ။ ဥပမာ သနားတယ်ဆိုတာကိုတောင် ပြောတာက အမျိုးမျိုးရှိတယ်လေ။ ကိုယ်တိုင်တကယ်ဖြစ်ခဲ့ရင်ဆိုတာမျိုး စိတ်ထည့် ရတယ်။ ဟန်ဆောင်မှု ကင်းမဲ့ရတယ်။ ဟန်ဆောင်ပြီး သရုပ်ဆောင် ရင်ဟန် ဆောင်တဲ့အသံပဲ ထွက်လာ မှာပဲ။ အရင်းခံစိတ်နဲ့ လုပ်ရမယ်။”
ပေါ်ပြူလာ
- (အရှေ့သို့) ကျောင်းပိတ်သော်လည်းမနားရ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) လာမည့်ပညာသင်နှစ်မှစပြီး ကျောင်းချိန်အတွင်း မွန်စာသင်မည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ