ဆရာများကို လူရည်ချွန်သင်တန်းပေးမည်
ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်များမြင့်လာစေရန် ရည်ရွယ်ပြီးကျောင်းသားလူရည်ချွန်များကဲ့သို့ ပင် ဆရာလူရည်ချွန်လူရည်မွန်များကိုလည်း သင်တန်းပေးမွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက သိရသည်။
“ပြီးခဲ့တဲ့ဒီဇင်ဘာက တိုင်းပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေကို ပညာရေး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်သင်တန်းတစ်ကြိမ်ပေးပြီးပြီ။ အဲ့ဒီအပြင်မက်လုံးပေးဖို့လဲလိုတယ်။ ဒီနှစ်ထဲမှန်းထားတာတော့ ဆရာတွေကိုရာထူးတိုးပေးတဲ့အခါမှာ လုပ်သက်နှစ်သာမက၊ လုပ်နိုင်စွမ်း တွေအပေါ်မူတည်ပြီးတိုင်းတာမယ်။ ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးမယ်။ ဘက်စုံထူးချွန်ဆရာမွန်ရွေး ချယ်ရေးအစီအစဉ်တွေလုပ်ဖို့တော့ အစီအစဉ်ရှိတယ်” ဟုပညာရေးစီမံကိန်းနှင့် ညွှန်ကြားရေးမှူး ဦးစန်းလွင်က ပြောသည်။
ယင်းအစီအစဉ်သည် ဆရာများ၏ စိတ်ဓာတ်ကိုတက်ကြွအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လူရည်ချွန် ဆရာများအဖြစ် ရွေးချယ်ခံရသည့်ဆရာများသည် ရာထူး၊ လစာတိုးခြင်းများအပြင် နိုင်ငံခြားပညာသင် အစီအစဉ်များ၊ ပြည်တွင်းပြည်ပလေ့လာရေး ခရီးစဉ်များကိုစေလွှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရ သည်။
“စီမံကိန်းတွေဘယ်လောက် ကောင်းကောင်း၊ ပေါ်လစီတွေဘယ်လောက်ကောင်းကောင်း ကျောင်း ဆရာတွေရဲ့ စိတ်ထားမပြောင်းနိုင်ရင်တော့ အလကားပဲ။ သူတို့စိတ်တွေပြောင်းလာအောင် တွေ့ဆုံ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ လုပ်ခလစာတွေလုပ်ပေးမှရမယ်။ အခုလူရည်ချွန်ကိုလဲ လုပ်ဖို့မူတွေချ မှတ်ဆောင်ရွက်သွားမယ်။ သင်ကြားရေးဘယ်လောက်ကောင်းလဲ၊ ခေါင်းဆောင်နိုင်မှုဘယ်လောက် ကောင်းလဲဆိုတဲ့အချက်တွေနဲ့ ချမှတ်ဆောင်ရွက်မယ်” ဟု ညွှန်ကြားရေးမှူးဦးစန်းလွင်က ထပ်မံပြော သည်။
ယင်းနှင့်ပတ်သက်ပြီး ဗဟန်းမြို့နယ်အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမတစ်ဦးက ဆရာလူရည်ချွန်သင်တန်းများအတွက် အသက်ကန့်သတ်ချက်များရှိလာနိုင်ကြောင်း၊ ပင်စင်ယူခါနီး ဆရာများပါဝင်နိုင်ဖွယ်မရှိကြောင်း၊ အသက် ၃၀ ဝန်းကျင်ရှိဆရာများနှင့် လုပ်သက်များများရှိသော ဆရာများပါဝင်နိုင်ကြောင်း ပြောသည်။
“ဆရာမတို့အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းတွေက အတော်လိုအပ်တယ်။ ဆွေးနွေးပွဲတွေလုပ် ပေးဖို့လဲလိုတယ်။ အခုဆိုပွဲတွေမှာ ထဆွေးနွေးပါ။ ဘာပြောစရာရှိလဲလို့ လူကြီးတွေက ပြောလာပေ မယ့် ဆရာတွေကမပြောတတ်ပြောတတ်နဲ့ ထပြောနေကြတယ်။ မေးတာတလွဲ၊ ဖြေတာတလွဲဖြစ်နေ ကြတယ်။ ဒါကြောင့်ဆရာအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုတွေလိုတယ်” ဟု ယင်းကထပ်မံပြောသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာတွင် ဆရာ၊ ဆရာမပေါင်းနှစ်သိန်းခွဲကျော်ရှိကြောင်း သိရ သည်။
Democracy today Daily
အတွဲ(၁)၊ အမှတ်(၂၁)၊ မတ်လ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်
- (အရှေ့သို့) ပရိတ္သတ္က အမွတ္တရ ပစ္စည်းတောင်းရာ အတွင်းခံများ ချွတ်ပြီး လက်ဆောင်ပေးခဲ့သော မော်လ်ဒယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ
- (အနောကျသို့) ပရိသတ်နဲ့ ထပ်တူထပ်မျှပဲ ခံစားတယ် ဆိုတဲ့ ဝတ်မှုံရွှေရည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ